chapter 5

2.4K 297 6
                                    

✔Unicode✔

Baekhyun's POV

" ကျွန်​တော် ဒီည Hyung နဲ့
အိပ်လို့ရလားဟင်"

"မင်း စာလုပ်စရာမရှိဘူးလား"

"မရှိဘူး...အိပ်လို့ရလားဟင်"

"မင်း အိပ်ချင်ရင် အိပ်​ပေါ့"

"Yay..."

ကျွန်​တော့်ခွင့်ပြုချက်ရပြီးတာနဲ့
က​လေးတစ်​ယောက်လို ခုန်​ပေါက်ပြီး
အခန်းထဲ ​ပြေး၀င်သွားသည်။

ဒီ​ကောင်​လေးကို ​နောက်ဆုံး​တော့
ယုံ​ပေးဖို့ ကျွန်​တော် ကြိုးစားကြည့်​တော့မယ်။

ကျွန်​တော်သူ့ကို နမ်း​နေတဲ့အချိန်တုန်းက
စိတ်​တွေလှုပ်ရှားပြီး တကယ်​ပျော်ခဲ့တာ။

ဒါ​ပေမယ့် သူကျွန်​တော့်အ​ပေါ်
ထားတဲ့အချစ်က က​လေးကစားစရာ
လားလို့ စဥ်းစားမိရင် ​ဒေါသထွက်တာ​တော့
အမှန်ပဲ...။

စိတ်​တွေရှုပ်​ထွေး​ပေမယ့်လဲ
ကျွန်​တော် ဆုံးဖြတ်ချက်ချလိုက်တယ်။

ကျွန်​တော့်နှလုံးသားထဲ သူ၀င်လာဖို့ တဖြည်းဖြည်းချင်း ခွင့်ပြု​တော့မယ်လို့။

"ဟား....ဒီအိပ်ယာ​လေးကို
လွမ်းလိုက်တာဗျာ Hyung
​ဘေးမှာ အိပ်ရတဲ့ အချိန်​လေး​တွေကို
လွမ်း​နေရတာ"

Chanyeol က အိပ်ယာ​ပေါ် ပစ်လှဲရင်း
မျက်လုံး​တွေမှိတ်ထားကာ ​ပြောတယ်။

"ဒီမှာ မအိပ်တာ တညပဲရှိ​သေးတာကို"

"ကျွန်​တော့်အတွက်​တော့
၁၀နှစ်​လောက်ကြာတယ်"

"အပို​တွေပါကွာ"

"မြန်မြန်လာ Hyung "

သူ့​ဘေးက​နေရာကို လက်ဖြင့်ပုတ်ရင်း
လာခဲ့ဖို့ ​ခေါ်တာမို့ ကျွန်​တော် အ​နွေး
ထည်ချွတ်ကာ သူ့​ဘေးမှာ သွားလှဲလိုက်သည်။

ကျွန်​တော် ​ရောက်သွားတာနဲ့
သူက ကျွန်​တော့်ကို ရင်ခွင်ထဲ
ဆွဲသွင်းပစ်လိုက်တယ်။

"Yah...အသက်ရှူကြပ်တယ်"

"​ဆောတီး ဟီးဟီး"

"အိပ်​တော့​နော် good night "

"အင်း good night "

ကျွန်​တော် မျက်လုံး​တွေမှိတ်ထား​ပေမယ့်
သူကျွန်​တော့်ကို စိုက်ကြည့်​နေတယ်
ဆိုတာ ခံစားလို့ရတယ်။

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Onde histórias criam vida. Descubra agora