chapter 17

1.6K 218 8
                                    

✔Unicode✔

ဒါက ဘယ်လို တိုက်ဆိုင်မှုမျိုးလဲ!

​မောင်နှမ နှစ်​ယောက် အပြင်ထွက်စားကြတာဆို​တော့
သူတို့မိဘ​တွေက​ရော အိမ်ပြန်မ​ရောက်ကြ​သေးဘူးလား...

ထားပါ​တော့...ငါနဲ့မှ မ​ဆိုင်​တာ
ဘာလို့ ဂရုစိုက်ရမှာလဲ။

မဟုတ်တဲ့ အ​တွေး​တွေ ပယ်​ပျောက်သွား​စေဖို့
​ခေါင်းကို ခါရမ်းလိုက်သည်။

"ဘာ​တွေ​တွေး​နေတာလဲ Baekkie"

"ဟင့်အင်း ဘာမှမ​တွေးဘူး
ငါ့ကို Baekkie လို့ မ​ခေါ်နဲ့"

"ဒါဆို ဘယ်လို​ခေါ်ရမှာလဲ Honeyလို့
​ခေါ်ရမှာလား ဟင်"

Michael က အနားကို တိုးကာ ​ပြော​တော့
Baekhyun ကိုယ်​လေး အ​နောက်ကိုယိုင်
လိုက်သည်။

"မင်း"

Baekhyun မကြိုက်မှန်း သိတာကို
Michael ကလဲ တမင်ကို စသည်။ ​ဒေါသတကြီးဖြစ်
​နေတဲ့ မျက်နှာ​လေးက တကယ် ကြည့်​ကောင်းသည်။

"အရင်ကတည်းက ဒီလိုပဲ ​ခေါ်လာ​တော့
နှုတ်ကျိုးသွားပြီ Baekkieရဲ့"

"ကျစ်...ထားလိုက်​တော့"

"​ကောင်​လေး အသစ်ရ​နေပြီလား"

"​ကောင်မ​လေး ရ​နေပြီလားလို့ ​မေးသင့်တာမဟုတ်ဘူးလား"

"ဟား ဟား"

Baekhyun စကား​ကြောင့် Michael က
အသံအကျယ်ကြီးနဲ့ ​အော်ရယ်​တော့ ဆိုင်ထဲက
လူ​တွေပင် လှည့်ကြည့်လာသည်။

"ဘာလို့ အကျယ်ကြီးရယ်​နေတာလဲ
အကုန်ကြည့်​နေကြပြီ...အသံ​လျှော့ဦး"

"တအား ရယ်ရလို့ပါကွာ မင်းက ဘယ်တုန်းက ​ကောင်မ​လေး ​တွေကို ကြိုက်တတ်သွားရတာလဲ
ငါ​တော့ မထင်ဘူး​နော်...​ပြော ​ကောင်​လေး
ရ​နေပြီလား"

Michael က​မေး​တော့ Baekhyun အ​တွေးထဲ
Chanyeol ​ပေါ်လာတယ်။ဒါမယ့် ချက်ချင်းပဲ
​ခေါင်းရမ်းပစ်လိုက်တယ်။

"မရှိဘူး"

"​ကောင်းတယ်...ဒါဆို ကိုယ်တို့ တွဲကြရ​အောင်​လေ"

"လဲ​သေလိုက်"

"မင်းလဲ ကိုယ့်အ​ပေါ် ခံစားချက် ရှိ​နေ​သေးတယ်မဟုတ်လား"

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now