chapter 31

814 76 0
                                    

Unicode version ✅

Lee Hani အက်ဆီးဒင့်မဖြစ်ခင် ညနေတွင်...

သူမ ဒီနေ့ အရမ်းကို ပျော်နေတာဖြစ်သည်။
အကြောင်းကတော့ သူမအဖေက သူမကို မင်္ဂလာဝတ်စုံ ရွေးဖို့ ပြောလာတာကြောင့်ပင်။ဒါကို Baekhyun Oppaကိုလူချင်းတွေ့ကာ ပြောပြဖို့အတွက် Baekhyunရဲ့ရုံးခန်းဆီ ထွက်လာခဲ့သည်။

"‌ဂွတ်ထ်မောနင်း Suho shi"

"ဂွတ်ထ်မောနင်းပါ Hana shi...
ဒီကို ဘာကိစ္စ ရှိလို့လဲ"

"Oppaရော ဘယ်သွားလဲ
Hani Oppaကို ပြောစရာရှိလို့ အထဲမှာရှိလား"

"မရှိပါဘူး Hani shi...သူဌေး အပြင်သွားပါတယ်"

"အပြင်???ဘယ်ကိုလဲ"

"ကျွန်တော်ပြောလို့ မဖြစ်ပါဘူး Hani shi"

" ဘာလို့လဲ ....ကျွန်မက Oppaရဲ့ ဇနီးလောင်းလေ  ကျွန်မက ဘာလို့ သိလို့မရတာလဲ"

"Hani shi...ကျွန်တော့်မှာ ပြောခွင့်မရှိဘူးဆိုတာ သိပေမယ့် ကျွန်တော် Hani shiကို ပြောပြချင်တာလေးရှိပါတယ်"

"ဟုတ်ပြီ ပြောပါ"

" ဒါ ကျွန်တော် သူဌေးအတွက် ပြောတာပါ
Hani shiသိလား သူဌေးက ..."

"Oppaက ဘာဖြစ်လဲ ...မြန်မြန်ပြောပါ Suho shi
ဒီမှာ ရင်တွေတောင်တုန်နေပြီဟားဟား"

"သူဌေးက ဟိုမို တစ်ယောက်ပါ"

Lee Hani ခဏမျှ တိတ်ဆိတ်သွားပြီး နောက်
ဘာမှ မဖြစ်သလို ရယ်မောလိုက်တယ်။

"ဘယ်လို ဟာသလဲ"

"ပြောရတာ အားနာပေမယ့် ကျွန်တော်ပြောတာ အမှန်ပါ"

Suhoက နောက်နေတဲ့ပုံမပေါ်ဘဲ သူပြောနေတာတွေက အတည်လို့ခံစားရတာမို့ သူမ အပြုံးတွေ ပျောက်ကွယ်ကုန်တယ်။ ထပ်ပြီး Suhoက စကားဆက်သည်။

"သူဌေးမှာ ကောင်လေးရှိပါတယ် သူ့နာမည်က Park Chanyeolပါ သူဌေးထက် အသက်ငယ်ပါတယ်။ သူဌေးတို့နှစ်ယောက် ချစ်သူဖြစ်တာ တော်တော်ကြာပါပြီ အတူတူနေကြတာပါ။
ကြားထဲမှာ ပြဿနာတက်ကြတာမို့ သူဌေးက
U.Sကို ရောက်သွားတာပါ ။ ဒါကလဲ နားလည်မှုလွဲကြတာပါ...သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်  တော်တော်လေး ချစ်ကြတာ
ဒါ‌မယ့် သူတို့အချစ်တွေကို တစ်ယောက်မြင်အောင် တစ်ယောက် မပြတတ်ကြဘူး။ အမြဲတမ်း ပြဿနာတက်တယ် ...ဆုံးဖြတ်ချက်တွေကလဲ မှားယွင်းတတ်ကြတယ်....

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now