အပိုင်း ၄၁

7.8K 468 71
                                    

လေးလံလွန်းသည့်မျက်ခွံ့တို့ကို အားယူကာဖွင့်လိုက်တော့ ပထမဆုံးမြင်ရသည်က အပေါ်ပိုင်းဗလာနဲ့သူ့ကိုထွေးဖက်ထားသည့် သခင်။  နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိရင်း မေးဖျားကိုမော့ကာနမ်းမိ၏။ သခင့်ရဲ့ကိုယ်သင်းရနံ့ဟာ ဘယ်အချိန်မဆိုရိုးအီမသွားခဲ့။ တစ်သက်တာအတွက် နမ်းရှိုက်ခွင့်ရခဲ့တာတော့ ကျေနပ်လို့မဆုံးဖြစ်ရသည်။

ပခုံးစွန်းပေါ်ကကိုက်ရာတွေကိုမြင်တော့ ညကအဖြစ်အပျက်တွေက အနှေးပြကွက်လိုပြန်မြင်ယောင်လာသည်။ဒီလူသားကို အပိုင်ရခဲ့သည့်အဖြစ်။ ထိုအတွေးကြောင့် ရင်ထဲနွေးခနဲခံစားလိုက်ရသည်။ ထို့အတူ ခန္ဓာကိုယ်ပေါ်က နာကျင်ကိုက်ခဲမူ့တွေကလည်း အသည်းခိုက်မတတ်။ လှုပ်မရအောင် အောက်ပိုင်းဆီကနာကျင်မူ့ကြောင့် ဘုရားတမိသွားသည်။

"သေလိုက်စမ်း...သခင်သွေး၊ ဘယ်လောက်တောင် သောင်းကျန်းထားခဲ့တာလဲ၊ ခွေးကောင်...သူမခံရတိုင်း"

အသံထွက်ကျိန်ဆဲမိတော့ အင်းအင်းအဲအဲအသံပြုကာ သူ့အပေါ်ဖက်တွယ်ထားသည့်လက်တွေက ပြေလျော့သွားသည်။ ဒီတော့မှ အသာအယာထဖို့ကြိုးစားတော့ အောက်ပိုင်းဆီမှ စူးခနဲ။ မျက်ရည်လည်ရလောက်အောင် နာကျင်မူ့ကြောင့် ထထိုင်ဖို့မကြိုးစားနိုင်တော့။

ဘေးမှာတရှုးရှုးအိပ်ပျော်နေတဲ့ သခင့်မျက်နှာကိုကြည့်ရင်း ဒေါသကအလိုလိုထွက်လာ၏။ ခွေးကောင်...သူအောက်ကမနေရတိုင်း လူကိုသံမဏိလူသားမှတ်ပြီး စိတ်ထင်‌တိုင်းသောင်းကျန်းထားတာ။ စောစောကကြည်နူးမှု့တွေကလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။

စိတ်တိုတိုနဲ့ နှာခေါင်းကို အားနဲ့ဖိညှစ်ပစ်လိုက်တော့ အနည်းငယ်လှုပ်ရှားသွားသည်မှအပ နိုးမလာတဲ့သခင်။ ထို့ကြောင့် နှုတ်ခမ်းသားတို့အား ကိုက်ခဲပစ်လိုက်တော့သည်။ ထိုအခါမှ အလန့်တကြားနဲ့မျက်လုံးပွင့်လာသည်။ ဒါလည်း ခဏပါပဲ။ ရန်မူလာသူကိုသိသွားတော့ သူကိုယ်တိုင် လိုလိုလားလားအကိုက်ခဲခံ၏။ ပြီးတော့ တိုက်စစ်ဖွင့်ကာ ပြန်လည်တုန့်ပြန်လာသည့်အနမ်းတွေ။ ပြီးတော့ အဝတ်မကပ်သည့်ခန္ဓာကိုယ်ပေါ်မှာ ပြေးလွှားပွတ်သပ်နေပြန်သည့် သခင့်လက်တွေ။ ထိုအပြု့အမှု့တွေကို ကျေနပ်စွာခံယူချင်သည်စိတ်နှင့် နာကျင်မှု့ကြောင့် ရုန်းကန်ချင်သည့်စိတ်တို့က ဒွိဟဖြစ်ကာ လွန်ဆွဲနေ၏။

Only You (Completed)Där berättelser lever. Upptäck nu