တစ်ပတ်..... တစ်ပတ်ဆိုသော အချိန်အတောအတွင်း ကိုကြီးလည်းပေါ်မလာခဲ့သလို အရိပ်တို့စေ့စပ်ပွဲကိုလည်း နှစ်ဖက်မိဘတွေရှေ့မှာပဲ ဖျက်သိမ်းကြောင်းအသိပေးကြေညာခဲ့သည်။ စိတ်ဆိုးနေတဲ့ မေမေနဲ့ အန်တီသဇင်ကိုလည်း အရိပ်ကိုယ်တိုင် ချော့မော့ပြီးဒီစေ့စပ်ပွဲက ဘယ်လိုမှမဖြစ်နိုင်ကြောင်း သိစေခဲ့သည်။
ကိုကြီးကတော့ လူကသာပျောက်နေပေမယ့် အလုပ်ကိစ္စတွေကိုတော့ သူ့အတွင်းရေးမူးကတဆင့် လစ်ဟာမူ့မရှိအောင် ဆောင်ရွက်နေသည်ဟု သိရ၏။ ကိုခေတ်ကတော့ ကိုကြီးကို စိတ်ဆိုးနေကာ ကိုကြီးအကြောင်း တစ်ခွန်းမှမဟ။ သူ့အလုပ်သူဖိလုပ်နေပြီး အရိပ်ကိုတော့ မကြာမကြာ ဖုန်းဆက်လေ့ရှိသည်။ ကိုခေတ်မမေးပေမယ့် အရိပ်ကတော့ ကိုကြီးအဆင်ပြေနေတဲ့အကြောင်း ဖုန်းဆက်တိုင်းအသိပေးမြဲ။
အရိပ်ကိုယ်တိုင်လည်း နယ်ကဖွားတို့အိမ်မှာပဲ ပြန်နေချင်ပေမယ့် မေမေ့အနားမှာ ဘယ်သူမှမရှိတော့ စိတ်သွားတိုင်းကိုယ်မပါနိုင်ပေ။ နယ်မှာအနေကြာတော့ အရိပ်ကျန်းမာရေးကလည်း အရင်လို တရှောင်ရှောင်ဖြစ်မနေတော့။ နယ်မှာဆိုရင် ဦးငယ်နဲ့အပြင်လည်းထွက်လိုက်၊ ခြံထဲမှာဖွားကိုကူလိုက်နဲ့ဆိုတော့ ခန္ဓာကိုယ်က အနည်းငယ်တော့ ပိုကြံ့ခိုင်လာသည်ထင်၏။
ဒီနေ့တော့ အရိပ် ပျင်းပျင်းရှိတာနဲ့ ဦးငယ်ဆီဖုန်းခေါ်လိုက်သည်။
"ဟဲလို... သမီး ပြော"
"ဘာလုပ်နေလဲ ဦးငယ်"
"ဦးငယ်လား... အခု ပွဲရုံမှာ သမီး။ ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး။ သမီးတစ်ယောက်ထဲပျင်းလာလို့ ဦးငယ်ဆီဖုန်းခေါ်မိတာ။ ဦးငယ်မအားရင် ချလိုက်မယ်လေ"
"ရပါတယ် သမီးရဲ့။ ဒါနဲ့... သားကြီးပြန်လာပြီလား သမီး"
"မပြောချင်တော့ပါဘူး ဦးငယ်ရာ။ အဲ့ဒီကိုကြီးက ကလေးမဟုတ်သူငယ်မဟုတ်နဲ့ တော်တော်ကလေးဆန်တယ်။ အခုထိအိမ်ပြန်မလာသေးဘူး"
"ဒီလိုလုပ်ပါလား သမီး။ သမီးကိုယ်တိုင်သွားဖမ်းလိုက်။ ဒါမှမဟုတ် ဖုန်းဆက်ပြီး ရာဇသံပေးလိုက်"
YOU ARE READING
Only You (Completed)