အပိုင်း ၂၅

7.7K 524 32
                                    

"ဘာလို့ မသိဟန်ဆောင်ထားခဲ့တာလဲ ဦးငယ်"

သခင် မကျေမနပ်မေးမိတော့...

"တချို့ကိစ္စတွေက သိသာသိစေမမြင်စေနဲ့ ဆိုသလို သိတိုင်းမပြောသင့်ဘူး သားကြီးရ။ ဦးငယ်သိခြင်း၊မသိခြင်းက ဘာအရေးကြီးလို့လဲ။ မဟုတ်ဘူးလား။ အဓိကက သားကြီးတို့တွဲလက်တွေ ဘယ်လောက်မြဲသလဲဆိုတာပဲ။ မှတ်ထား သားကြီး။ အချစ်ဆိုတာ လုပ်ယူဖန်တီးလို့မရဘူး။ ဒီလူနဲ့ဒီလူ မေတ္တာမျှပါပြီဆိုကတည်းက သူတို့ရေစက်ပါလာလို့ပဲ။ အဲ့ဒီရေစက်ကလေး ရေရှည်တည်မြဲဖို့ကတော့ ကာယကံရှင်တွေရဲ့ အပြုအမူ့နဲ့စိတ်အခြေအနေပေါ်မူတည်တာပဲကွ။ အဝေးကြီးမကြည့်နဲ့။ ဥပမာအနေနဲ့ ဦးငယ်ကိုပဲကြည့်။ ဦးငယ်ဖမ်းဆွဲထားချင်တဲ့ ရေစက်ကလေးက လောကဓံကို ကြံ့ကြံ့မခံနိုင်ရှာခဲ့ဘူး။ ဝမ်းနည်းဖွယ်ဇာတ်သိမ်းတစ်ခုအနေနဲ့ အဆုံးသတ်သွားခဲ့ရတယ်။ သားကြီးကိုတော့ ဦးငယ်အဖြစ်မျိုး မဖြစ်စေချင်ဘူး"

စကားအရှည်ကြီးပြောပြီး မောသွားဟန်ဖြင့် ရေနွေးခွက်ကိုကောက်ကိုင်သည်။ သူကတော့ ဦးငယ်စကားတွေကြောင့် ခေါင်းထဲတွေးစရာတွေ များလာသည်။ ဦးငယ်ချစ်သူအကြောင်း မေပြောပြလို့ သူကြားဖူးသည်။

အချစ်ကံခေလွန်းတဲ့ ဦးငယ်ဟာ ချစ်တဲ့သူနဲ့ သေကွဲကွဲခဲ့ရရှာတယ်။ သဘာဝမကျတဲ့မေတ္တာတွေနဲ့ အတတ်ဆန်းထွင်ချင်ဦးဟဲ့ဆိုပြီး ဖွားပြောသမျှတွေကို ဦးငယ်အပြုံးမပျက်ခံယူရင်း ဒီအရွယ်အထိ တစ်ကိုယ်တည်းနေပြီး သူချစ်သူအပေါ် သစ္စာရှိခဲ့တယ်။ ရူးလိုက်တာလို့ ကဲ့ရဲ့ကြလည်း သူကတော့ ဦးငယ်ကို ရာနှုန်းပြည့်ကိုယ်ချင်းစာသည်။

"သားကြီးကသာ မရိပ်မိတာ။ ကိုခေတ်ကတော့ တော်တော်ညဏ်ပြေးတယ်ကွ။ သူ့ကြောင့် ဦးငယ် မသောက်ဘဲမူးခဲ့တဲ့ရက်တွေမနည်းဘူး"

သူ ရယ်လိုက်မိသည်။ ရာ ညဏ်ကောင်းတာလည်းအမှန်။

"ဦးငယ်... ကျွန်တော့်လုပ်ရက်တွေမှားတယ်ထင်လား"

"ဘာကိုဆိုလိုတာလဲကွ"

"ရာနဲ့ ငယ်လေးကို နီးစပ်အောင်လုပ်မိခဲ့တာ..."

"မှားတယ်...လုံးဝကိုမှားတယ် သားကြီး။ သားကြီးက သမီးအတွက် စဉ်းစားပေးတာ ဦးငယ်‌သိပေမယ့် သားကြီးရဲ့ လွဲမှားတဲ့‌ဆုံးဖြတ်ချက်တွေက အကုန်လုံးကို ထိခိုက်စေတယ်။ တကယ်လို့ နောက်ဆုံးချိန်ထိ သမီးနဲ့ကိုခေတ်က စေ့စပ်ကြမယ်ဆိုရင် ဦးငယ်ဝင်ပါဖို့ ဆုံးဖြတ်ပြီးသား။ အခုတော့ အားလုံး နေရာမှန်ပြန်ရောက်သွားပြီမို့ ဦးငယ်ပါစရာမလိုတော့ဘူးပေါ့"

Only You (Completed)Where stories live. Discover now