"စိုးရိမ်နေတာလား"
မျက်ဝန်းတွေသာဖိမှိတ်ပြလိုက်သည်။ လက်ဖဝါးနှစ်ဖက်ကို ပွတ်ကာ စိတ်လှုပ်ရှားမူ့ကို အံတုနေပါသော်လည်း စိုးရိမ်မူ့က ပျောက်မသွား။ သူ့တို့ကို လက်မခံရင်ဘယ်လိုလုပ်မလဲ။ ဇာတ်ကားတွေထဲကလို လမ်းမခွဲရင်သတ်သေပစ်မယ်ဆို ဘယ်လိုလုပ်မလဲ။ သူ ရာ့ကိုနောက်တစ်ကြိမ်စွန့်လွှတ်ဖို့တော့ အတွေးထဲတောင်ထည့်မတွေးရဲပါ။ အန်တီသဇင်သာ လက်မခံခဲ့ရင်..... အား ရူးတော့မှာပဲ။ စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေထိုးဖွမိသည်။
"စိတ်လျော့... သခင် စိတ်လျော့။ အကုန်အဆင်ပြေသွားမှာမို့ စိတ်မပူနဲ့။ ငါ့ကိုယုံနော်"
ရာ ကားကို လမ်းဘေးဆွဲချရပ်လိုက်ပြီး သခင့်လက်တွေကို ဆုပ်ကိုင်ပြီးပြောလိုက်သည်။ သခင်စိတ်ပူနေသလို သူလည်းစိတ်ပူတာပဲလေ။ ဒါပေမဲ့... သူ့အချစ်က ပေါပေါပဲပဲမှမဟုတ်ဘဲ။ သူလည်း အမေနဲ့အဖေဆီက လိုလိုလားလာလက်ခံတာကို မလိုချင်ဘဲရှိမလား။ လက်မခံဘူးဆိုရင်တောင် သူ သခင့်အပေါ်ထားသည့်ချစ်ခြင်းမေတ္တာက ပြောင်းလဲသွားစရာမရှိဘူးလေ။ ဒါကို သခင်မသိတာလည်းမဟုတ်။
"ကိုယ်အဆင်ပြေပါတယ်။ သွားကြရအောင်။ ဒါနဲ့... ဟိုရောက်ရင် အန်တီသဇင်ဘာပြောပြော မင်းဒေါသနဲ့မတုံ့ပြန်ရဘူးနော်။ ကတိပေး"
"ကတိဆိုတာမလိုဘူး။ မင်းကို ငါကာကွယ်မှာ"
"ရာ!"
"တော်ပြီ သွားကြရအောင်။ အချိန်လင့်နေမယ်"
ရာက တော်တော်ခေါင်းမာတယ်ဆိုတာ သူမေ့သွားတာပဲ။ ပြသနာမဖြစ်စေဖို့သာ သူဆုတောင်းမိသည်။
ရာ့အိမ်ရောက်တော့ အန်တီသဇင်က အပြုံးနှင့်ဆီးကြို၏။ သူ့မှာအပြစ်ရှိသလို ခံစားလိုက်ရသည်။
"လာလေ သား။ မတွေ့တာကြာမှ သားက ပိုချောလာတယ်ထင်ပါ့။ အဟင်း...."
"အဖေရှိတယ်မို့လား အမေ"
တမင်ကို အဖေနဲ့အမေအတူရှိချိန်ကိုရွေးလာပေမယ့် သူ သေချာအောင် ထပ်မေးလိုက်သည်။
"ရှိတယ်လေ။ အလုပ်နားရက်မို့ ဘယ်မှမသွားဘူး။ ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတယ်"
YOU ARE READING
Only You (Completed)