"ကိုကြီး....."
ကော်ဖီဆိုင်အတွင်းဘက် အစွန်တစ်နေရာရှိ စားပွဲမှ နန်းမို့ကလက်လှမ်းပြတာမို့ သခင် ထိုနေရာသို့လျောက်သွားလိုက်ကာ နန်းမို့နှင့်မျက်နှာချင်းဆိုင် ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
"ငယ်လေးရော...."
"သန့်စင်ခန်းခဏသွားတယ် ကိုကြီး"
"ဪ....."
"ကိုကြီးဘာသောက်မလဲ မှာလေ"
အနားရောက်လာတဲ့ ဝိတ်တာလေးက ရိုကျိုးစွာ သူ့အမှာကို စောင့်နေ၏။
"ice coffee တစ်ခွက်ပေးပါ ညီလေး"
ဝိတ်တာလေးထွက်သွားမှ နန်းမို့ကို သေချာပြုံးပြကာ နှုတ်ဆတ်လိုက်ရင်း...
"ငယ်လေးကို အပြင်ခေါ်ထုတ်နိုင်တဲ့ နန်းမို့ကိုတော့ တကယ်ချီးကျူးပါတယ်ကွာ။ ကျေးဇူးလည်းတင်ပါတယ်။ ကိုကြီးက သူ့ကို အိမ်တွင်းအောင်းပြီး မှိုတက်မှာစိုးရိမ်နေတာ..."
"ပေါက်ပေါက်ရှာရှာ ကိုကြီးရယ်။ မှိုတက်ရအောင် အရိပ်က ပေါင်မုန့်မို့လို့လား..."
နှစ်ယောက်သား ရယ်လိုက်ကြသည်။ ထိုအချိန်တွင် သန့်စင်ခန်းမှပြန်လာသည့် ငယ်လေးက သူ့ဘေးမှာဝင်ထိုင်လိုက်သည်။
"အံမယ်...နှစ်ယောက်သား လေပေးဖြောင့်နေကြပါလား။ ဘာတွေပွဲကျနေတာလဲ ငယ်လေးကိုလည်း ပြောကြပါဦး"
"ဘာမှမဟုတ်ပါဘူး အရိပ်ရဲ့။ ကိုကြီးက အိမ်တွင်းပုန်းကုလားမနင့်ကို အပြင်ခေါ်ထုတ်နိုင်လို့တဲ့ ငါ့ကိုချီးကျူးနေတာ"
"အောင်မာ...ဘာ အိမ်တွင်းပုန်းကုလားမလဲ။ ကိုကြီးနော်...ငယ်လေးစိတ်ကောက်လိုက်ရမလား။ ပြီးတော့ နန်းမို့ နင်ခေါ်တိုင်းငါလိုက်မလားဟဲ့။ ငါ့ဘာသာအပြင်ထွက်ချင်စိတ်ပေါ်လာလို့ လိုက်လာတာကိုများ... ဟွန်း..."
နန်းမို့ကရယ်သည်။ သူကတော့...
"အမလေးဗျာ...ရွှေစိတ်တော် မငြိုငြင်လိုက်ပါနဲ့။ ကဲ... ဆိုစမ်းပါဦး။ ထူးထူးခြားခြား အပြင်ထွက်လာတဲ့ ငါ့ညီမလေးကို ကိုကြီးဘယ်လိုက်ပို့ပေးရမလဲ"
YOU ARE READING
Only You (Completed)