အပိုင်း ၇

9.2K 663 69
                                    

"မင်းနဲ့ငါ သေသေချာချာ‌စကားပြောဖို့လိုနေပြီ ရာ။ မနက်ဖြန်ညနေ တံတားအောက်မှာတွေ့မယ်"

ဘယ်နှစ်ခေါက်ပြန်ဖတ်မိမှန်းမသိတော့တဲ့ မက်ဆေ့လေးတစ်စောင်။ တကယ်တော့ မနက်ဖြန်ရာမအားပါ။ နဒီတို့ ထွန်းဦးတို့နှင့်လည်းချိန်းထားသေးသည်။ ဒါပေမယ့် သခင့်ကိုလည်း ဘာဘာညာညာ အကြောင်းမပြန်မိ။ သခင်ပြောမယ့်စကားတွေက အရိပ်နဲ့သူ့အကြောင်းပဲပြောမှာ သိသာနေတာပဲ။ ဘယ်လိုလုပ်မလဲ သခင်။ ငါမင်းဆီကဒီအကြောင်းတွေ နားမထောင်ချင်တော့ဘူး။

အိပ်မရမဲ့အတူတူ ဂစ်ကာကိုကောက်ကိုင်မိသည်။ ပိုင်ရှင်မဲ့နေတာကြာပြီဖြစ်တဲ့ဂစ်တာလေးကို ကြိုးညှိကာ စိတ်ထဲပေါ်လာတဲ့သီချင်းတစ်ပုဒ်ကို ညည်းမိသည်။

🎼ငါမယုံကြည်မင်းလေး စိမ်းကားသွားတဲ့မျက်ဝန်း🎼
🎼ငါဟာအဆုံးသတ်မရတဲ့ ပေးဆပ်မူ့တွေ တစ်သက်လုံးပေါ့🎼
🎼ယုံကြည်ထားလိုက်🎼 🎼တကယ်ပါမင်းလေးလှမ်းကြည့်လိုက်စမ်း🎼
🎼နာရီတွေအဆိပ်တတ် အိပ်ပျက်ခဲ့တဲ့ညနက်‌တွေထဲ🎼
🎼ရင်မှာဟောင်းနွမ်းတော့မယ့် မင်းရဲ့အနမ်းတွေထားခဲ့ပြီး🎼
🎼ဘယ်မှာသုံးမလဲ ဘယ်ရောက်သွားခဲ့သလဲ🎼
🎼မင်းတွေးကြည့်စမ်း🎼
🎼ငါဘယ်လိုရှင်းပြခွင့်ရဦးမလဲ🎼
🎼အေးစက်သွား အိုနင့်ရဲ့အပြုံးတွေ🎼
🎼ဟိုတုန်းကအချိန်တွေပြန်ရချင်တယ်🎼
🎼အချိန်တွေပြန်တမ်းတလို့🎼 🎼အိပ်မက်တွေကိုယ့်မှာကြယ်စင်များကဖေးမ🎼 🎼လရောင်မဲ့လို့လွမ်းနေ🎼
🎼ညတွေမဆုံးနိုင် ဒဏ်ရာတွေနဲ့ အလွမ်းတေးညည်းလို့🎼
🎼ကိုယ့်မှာ ရင်ခုန်ရလွန်းလို့ရူးမှာပဲ🎼

လွမ်းတယ် သခင်ရာ။ ဟိုအရင်ကမင်းကို ငါသိပ်လွမ်းတယ်။ တစ်ခါလောက်ပြန်ထွေးပွေ့ခွင့်လေးရချင်တယ်ကွာ။ အင်း.....ငါ ဒီညလည်းအိပ်မပျော်ပြန်တော့ဘူးထင်တယ်။

>>>>><<<<<

နဒီတို့နဲ့ချိန်းထားရာ ကော်ဖီဆိုင်ကိုရောက်တော့ နဒီတို့ကရောက်နှင့်နေ၏။

"ဟေး ခေတ်... ဒီမှာ"

နဒီလက်လှမ်းပြရာဆီသို့ ခပ်သွက်သွက်လျောက်သွားလိုက်သည်။

Only You (Completed)Where stories live. Discover now