အဝေးပြေးလမ်းမကြီးပေါ်မှာ ကားလေးတစ်စီးက မနှေးမမြန်မောင်းနှင်နေ၏။ ကားမောင်းနေသူက သခင်သွေး။ သူ့ဘေးတွင်တော့ ခေတ်တရာ။ နောက်ခန်းမှာတော့ အရိပ်သွေးနှင့်နန်းမို့ကျော်။ ကားမောင်းနေသည့် သခင်ကို ရာကမုန့်လှမ်းခွံ့တော့ နန်းမို့မျက်နှာက မအီမလည်နှင့်။ အရိပ်ကတော့ နန်းမို့ကိုကြည့်ကာ ကြိတ်ပြုံးနေ၏။ ရှေ့ခန်းထဲက အချစ်ငှက်နှစ်ကောင်ကတော့ ကမ္ဘာမှာ သူတို့နှစ်ဦးသာရှိသည့်အလား ချစ်ကြည်နူးပြီးတစ်တီတူးနေကြသည်။
မသာယာနိုင်သည့်သူကတော့ နန်းမို့ကျော်။ ဘယ်လိုပဲ စိတ်ဖြတ်ပါသည်ဆိုဆို မျက်စိရှေ့မှာချစ်ကြည်နူးနေသည့် ကိုကြီးတို့ကြောင့် မျက်နှာပဲပူလာသလိုလို၊ အသည်းပဲပြန်ကွဲလာသလိုလိုနှင့် မအီမလည်ကြီးခံစားနေရသည်။ ပြောရရင် ကိုကြီးအကြောင်းသိပြီးကတည်းက မတွေ့ဖြစ်တာ ဒါပထမဆုံးမျက်နှာချင်းဆိုင်ခြင်းပင်။
အရိပ်က ဖွားတို့ဆီအလည်သွားမှာ လိုက်မလားမေးတုန်းက မမေးမမြန်းဘဲ ခေါင်းညိတ်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်သည်။
"ဟဲ့ မျက်နှာကြီးက သုန်မှုန်မနေနဲ့လေ။ ခရီးထွက်လာတာကို ပျော်ပျော်နေစမ်းပါဟ"
"နင်သာဆို ပျော်မလားဟဲ့ အရိပ်မရဲ့။ မလိမ့်တပတ်နဲ့ ငါ့ကိုညာခေါ်လာတဲ့နင့်ကို ငါသတ်ပစ်ချင်တယ် သိလား"
"ဟဲ့ နင်ပဲ ကိုကြီးကို စိတ်ဖြတ်လိုက်ပြီဆို။ ပြောတော့ သင်္ဘောစီးမယ်ဆိုပြီး အခု နင့်မျက်စိရှေ့မှာ သင်္ဘောကြီးရောက်နေပြီလေ"
"ဟာ မသိဘူးဟာ"
တိုးတိုးကျိတ်ကျိတ်နဲ့ နှစ်ယောက်သား စကားများနေတုန်း ရှေ့ကနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်ငေးကာ ပြုံးလို့။ အရိပ် အမြင်ကပ်လာသည်။
"ကိုကြီး ရှေ့ကိုကြည့်မောင်းနော်။ ငယ်လေးတို့ အသက်က ကိုကြီးလက်ထဲမှာ"
"အာ..."
သခင် နည်းနည်းတော့ရှက်သွားသည်။ ရာသည်လည်း မျက်နှာပူစွာ ကားမှန်ပြတင်းမှတဆင့် အပြင်ရူ့ခင်းတွေကိုသာငေးနေလိုက်သည်။ နန်းမို့ကတော့ သူတို့ကိုကြည့်ကာ ခွီခနဲကြိတ်ရယ်၏။
ခဏကြာတော့ သူတို့အားလုံး ရယ်ရယ်မောမောပြန်ဖြစ်လာ၏။ စလိုက်နောက်လိုက်နှင့် ခရီးအတော်ပေါက်လာသည်။
နန်းမို့သည်လည်း ရှေ့ကအတွဲ၏ သဲသဲလှုပ်မူ့တွေကို အသားကျလာ၏။
ESTÁS LEYENDO
Only You (Completed)