ဝန်းရံရဲ့ အသည်းယားစွာ အော်လိုက်တဲ့အသံကို ကြားကာမှ မာန တံခါးကို အပြည့်အဝ ဆွဲဖွင့်ကာ အခန်းထဲဝင်ရဲတော့သည်

အခန်းထဲတွင် ဝန်းရံက ကုတင်ပေါ်တွင်ထိုင်ကာ ဖြူဖြူလုံးလုံးလေးကို ပွေ့ဖက်ထားသည်

ထိုအရာက မာန ခုလေးတင် စိတ်ကြိုက်ရွေးယူကာ ဝယ်လာခဲ့သော ခွေးပေါက်စကလေးပဲ ဖြစ်သည်

ခွေးလေးက ဝန်းရံလက်ပေါ်တွင် ငြိမ်သက်စွာ မှိန်းနေပါသည်

'သူ့ကို သဘောကျလား'

မာန ကုတင်ပေါ်ကို တက်ထိုင်ကာ ဝန်းရံကို မေးလိုက်သည်

'အင်း သဘောကျတယ်'

ဝန်းရံရဲ့ မျက်လုံးလေးတွေက ငိုထား၍ထင်သည် မို့အစ်နေသည်

နှာခေါင်လုံးလုံးလေးနှင့် ပါးဖောင်းဖောင်းလေး​တွေပါ နီရဲနေသည်

မာန ဝန်းရံကို ဖျစ်ညှစ်ပစ်ချင်သည့် စိတ်ကို မနဲထိန်းထားရသည်

ခုကျတော့ ငိုထား​တာ သူမဟုတ်သလို ပါးချိုင့်လေးတွေ ခွက်ဝင်သည်ထိ ပြုံးနေပါသည်

'သူ့မှာ နာမည်ရှိလား'

ခွေးလေးကို သဘောတကျ ငုံ့ကြည့်နေရင်းမှ မာနကို မော့ကြည့်ကာ ဝန်းရံ မေးလိုက်သည်

'ဟင့်အင်း မရှိသေးဘူး'

မာနအဖြေကိုကြားတော့ မျက်လုံးလေးတွေ ဖွင့်လိုက်မှိတ်လိုက်နဲ့ စဉ်းစားနေသည်

'သူ့ကို စနိုးလို့ ခေါ်ရအောင် သူ့မှာ ဖြူစွတ်နေတဲ့ အမွှေးလေးတွေရှိတယ်'

'အင်း ဒါပေမဲ့ သူက အထီးလေးလေ'

'စနိုးပဲ ကောင်းတယ် စနိုးပဲခေါ်မယ်'

'ကဲ ဝန်းရံသဘော'

ဝန်းရံကတော့ စနိုးရဲ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း အတော်ပျော်နေပုံရသည်

အမှန်က ဝန်းရံ မာနကို စိတ်ဆိုးနေခြင်းမဟုတ်ပါ

ဂိမ်းစင်တာထဲတွင် ဝန်းရံ စကားတွေလွန်သွားမှန်း သိပါသည်

သို့သော် ဝန်းရံ စိတ်ထဲရှိတာ အကုန်ပြောပြီးချိန်က နောက်ကျသွားပါပြီ

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now