5.5

1.7K 161 19
                                    

နှစ်​ဦးသား သစ်​ပင်​ကို မှီကာ အ​မော​ဖြေ​နေသည်​။ ကြီးမားသည့်​သစ်​ပင်​ကြီးဟာ
အ​မောတ​ကော ဖြစ်​​နေသည့်​ သူတို့နှစ်​ဦးကို ဖုံးကွယ်​​ပေးထားနိုင်​သည်​။ ထိုနှစ်​ဦးက​တော့ နိုဗက်​နဲ့ နာ့ချပ်​ ဖြစ်​​လေသည်​။ သူတို့နဲ့
သင့်​​လျှော်​မည့်​ သားရဲကို ရှာ​ဖွေဖို့အတွက်
စွမ်းအင်​​တွေကို မရပ်​မနားအသုံးပြုခဲ့ကြသည်​။ ဒီ​နေရာကို ​ရောက်​လာဖို့အတွက်​လည်း..
ဒါ​ပေါ့​လေ..သူတို့မရပ်​မနားတိုက်​ခိုက်​ခဲ့ရတာ။ ရလဒ်​က​တော့​, သူတို့စွမ်းအား​တွေ ​လျှော့ကျသွားတာပဲ။

သူတို့ ပူး​ပေါင်းမှုက အံ့သြစရာ​ကောင်း​လောက်​​အောင်​ ​ကောင်းမွန်​​နေသည်​။ သူတို့ သားရဲ​တွေနဲ့ရင်​ဆိုင်​ရချိန်​​တွေမှာ မင်းသားက သူ့ရဲ့အရိပ်​စွမ်းအင်​ကို အသုံးချပြီး သားရဲ​ကို ​အေးခဲ​စေကာ ၊ သခင်​​လေးက​တော့ သားရဲကို တိုက်​ခိုက်​၏။ ထို့​​နောက်​ ပထမဆုံးစွမ်းအား​လျှော့နည်းသွားတဲ့သူက​တော့ နိုဗက်​ပဲ ဖြစ်​​လေသည်​။ ဒါ့အတွက်​ ဘယ်​သူ့ကိုမှ အပြစ်​မတင်​ပါဘူး။ ဒါ​ပေမဲ့ Renshuပဲ ဒါကို လုပ်​နိုင်​မှာ ဖြစ်​​လေသည်​။ ​ရှောင်​​ပေါင်​နဲ့သူ အလွယ်​တကူ ဆက်​သွယ်​ပြီး သားရဲ​လေးဟာ သူ​ရောက်​​နေပြီဖြစ်​​ကြောင်း ​ပြောပြ​နေသည်​။ သူလိုအပ်​တာတစ်​ခုက မင်းသားကို လွတ်​ရာကျွတ်​ရာ 
မောင်းထုတ်​ဖို့ပဲ။ ဒါ​တွေအားလုံးပြီးရင်​,
ဘယ်​သူက အင်​အားအကြီးဆုံးမဖြစ်​ချင်​ရမှာလဲ?

"မင်း သ __"

"နာ့ချပ်​! ကိုယ့်​ကို အရင်​ကလိုပဲ နာ့ချပ့်​လို့​ခေါ်။ ဘာ​ပြောမလို့လဲ နိုဗက်​?" Renshu ပါးစပ်​ဖွင့်​ပြီး ​ပြောမည့်​အချိန်​မှာပဲ မင်းသားက စကားဖြတ်​​ပြော၏။ ​သေချာတာ​ပေါ့, ​လေထုက
ထူးဆန်းသွားရသည်​။

"အာ, ဘာမှမဟုတ်​ပါဘူး။ သားရဲတစ်​ချို့
တစ်​​နေရာရာမှာများ ပုန်း​နေမလားလို့
ကျွန်​​တော်​ သွားရှာချင်​လို့။ စွမ်းအင်​စု​ဆောင်း​နေတာ။ ခင်​ဗျားလည်း ကြာကြာအနားယူဖို့လိုတယ်​​နော်​။ ကျွန်​​တော်​က ကြာကြာမလိုဘူးရယ်​" Renshu​ပြောကာ မတ်​တပ်​ရပ်​လိုက်​သည်​။ သို့​ပေမဲ့ သူ အ​ဖြေကြားရဖို့ အ​နောက်​ကို ပြန်​လှည့်​ကြည့်​ချိန်​မှာ ခန္ဓာကိုယ်​ကို ဆွဲယူခြင်း ခံလိုက်​ရသည်​။

Elite System MM Translation Where stories live. Discover now