4.4

2.1K 258 8
                                    

2နှစ်​ကြာပြီး​နောက်​,

Renshu အခုဆိုရင်​ အမြဲတမ်း ​နေထွက်​တာနဲ့ အိပ်​ယာက ထရသည်​။ ပြီး​တော့
သူ့အ​စောင့်​ကလဲ
နန်း​ဆောင်​အပြင်​ဘက်​အခန်းမှာ အိပ်​ဖို့ လိုအပ်​တယ်​​လေ။ ဘယ်​လိုမျိုး အ​စောင့်​ပါလိမ့်​။ ဒါ​ပေမဲ့ အဲဒီ​နေ့ကစပြီး သူက ပထမမင်းသားရဲ့
အ​စောင့်​ဖြစ်​ရုံသာမက
အ​စေခံသဖွယ်​ ဖြစ်​လာခဲ့သည်​။

"​ကျောက်​ဝူ" RenShu ​အော်​​ခေါ်လိုက်​သည်​။ ဖဲအိပ်​ယာပုံအခင်းထဲက​နေ ပျင်းရိစွာ ထွက်​လာပြီး၊ ထိုသူ ဝင်​လာတာကို ​စောင့်​​နေလိုက်​၏။ သူက ချက်​ချင်းပင်​ ​ရောက်​ရှိလာသည်​။

"အရှင့်​သ__"

"မနက်​အ​စောကြီး   ဒီစိတ်​ရှုပ်​စရာ​ကောင်းတဲ့ နာမည်​ကြီး​ခေါ်​နေတာကို ရပ်​လိုက်​စမ်း! ကျုပ်​ကို ​ရေချိုးဖို့ မြန်​မြန်​ပြင်​​ပေး​တော့!" Renshu ထရပ်​ကာ ​ပြောလိုက်​ပြီး၊ သူ့အ​ရှေ့က
အမြဲတမ်း ​ချော​မောခန့်​ညား​နေတဲ့ အ​စောင့်​ကို ကြည့်​လိုက်​သည်​။ ဒီလူက စစ်​သူကြီးမှန်း
သိ​ပေမဲ့လဲ၊
သူ့စွမ်းရည်​ကို ကိုယ်​တိုင်​ မျက်​မြင်​သက်​​သေ​တွေ့ပြီးရင်​​တောင်​မှ Renshu သူ့နာမည်​ကို သူတို့ရဲ့ ကိုယ်​ပိုင်​အချိန်​​လေးမှာ ​ဒီလို သူ့နာမည်​ကို ​ခေါ်ခွင့်​မပြုချင်​ပါဘူး။

"ဟုတ်​ကဲ့ အရှင့်​__ ယုအာ ကိုယ်​ မင်းမနိုးခင်​ထဲက ပြင်​ထား​ပေးပြီးပြီ။ ​ရေသွားချိုးလို့ရပီ။ ကိုယ်​ မနက်​စာကို ပြင်​​လိုက်​အုံးမယ်​။ ​ရေချိုးပြီးရင်​ ​ခေါ်လိုက်​ပါ။ ဒါဆို အခု လဲစရာအဝတ်​ယူ​ပေးမယ်​" ​ကျောက်​ဝူ
အိပ်​ချင်​မူးတူးဖြစ်​​နေတဲ့မင်းသား​လေးကို ​ရေချိုးကန်​ထဲ လမ်း​လျှောက်​နိုင်​​အောင်​ ကူညီ​ပေးရင်း ​ပြောလိုက်​သည်​။

"အမ်​?! ​ရှောင်​ဂျင်​နဲ့​ရှောင်​ရွှမ်​အတွက်​​ကော ပြင်​​ပေးမှာ​ပေါ့?" Renshu ပြန်​​ပြောရင်း ထိုသူ သူ့ကို ဆွဲ​ခေါ်​စေဖို့ ခွင့်​ပြုလိုက်​ရင်း ထိုသူ့၏ ကြီးမားတဲ့ခန္ဓာကိုယ်​​ပေါ် မှီချလိုက်​​တော့သည်​။

"ဟုတ်​ပါတယ်​ဆို​နေ။ အခု မြန်​မြန်​ ​ရေသွားချိုး​တော့။ မင်းကြီးက မနက်​ခင်းညီလာခံမှာ မင်းကို ​စောင့်​​နေပီ။" ​ကျောက်​ဝူ ​ပြောရင်း မင်းသား၏ အဝတ်​လွှာ​တွေအား ဖယ်​ရှား​ပေးဖို့ ကူညီ​ပေးလိုက်သည်​။ ပြီး​နောက်​ သူ အ​ဝေးကို ​လျှောက်​ဖို့ လုပ်​လိုက်​ချိန်​တွင်​____

Elite System MM Translation Where stories live. Discover now