3.5

2.4K 317 9
                                    

အခု ကူရိုနဲ့ Renshu ပ​ရော်​ဖက်​ဆာရုံးခန်းထဲ ​နေ့လည်​စာစား​နေသည်​။ အခု သူတို့စား​နေတဲ့​နေ့လည်​စားဗူးက အိမ်​ချက်​​တွေလား?
ဟုတ်​တာ​ပေါ့။ ကူရိုရဲ့ကိုယ်​ပိုင်​စာဖိုမှုးလုပ်​​ပေးထားတာ။ Renshu လုပ်​​ပေးတာမဟုတ်​ဘူး​နော်​! ဒီဘီလီယံနာကြီးမှာ ကိုယ်​ပိုင်​စာဖိုမှုးရှိပြီး သူတို့ရဲ့ထမင်းသုံးနပ်​ကို တာဝန်​ယူချက်​ပြုတ်​​ပေးတာ။ သူတို့အသံမထွက်​ဘဲ စား​သောက်​​နေစဉ်​, တံခါး ပွင့်​လာသည်​။

"​ဟေး, ဆာကီ_ချန်​​ရေ, မင်း ဘာလို့ ဒီလို​နေရာကို ​ရွေး_ " ထို​ယောက်​ကျာ်း
မျက်​​တောင်​ခတ်​လိုက်​သည်​။
"အိုး, ရှင်းသွားပြီကွ။ ပြီး​တော့
ဒါ ဘယ်​သူ​လေးပါလိမ့်​" သူ ​မေးလိုက်​သည်​။ ဟုတ်​ပါတယ်​ ဒီ​ယောကျာ်းက Davidပါ။
သူဟာ သူ့သူငယ်​ချင်းကို ​နေ့တစ်​ဝက်​​လောက်​အထိ ရှာလိုက်​ရသည်​။ ပြီး​တော့ ​နောက်​ဆုံး
ဒင်းကို ရှာ​တွေ့တဲ့အချိန်​မှာ သူက
သူ့​ကျောင်းသားနဲ့?

"ပါးစပ်​ပိတ်​ထားစမ်း။ ငါ့ကို ဒီလိုမ​ခေါ်နဲ့! ငါ သူ့ကို မင်းနဲ့ မိတ်​ဆက်​​ပေးမှာမဟုတ်​ဘူး​​နော်​" ကူရို,သူ့ရဲ့အချစ်​​လေး ​နေ့လည်​စာစား​နေတုန်း 
နှောင်​​ယှက်​​ကာ၊သူ့ကို 
လှောင်​​ပြောင်​​နေသည့်​စိတ်​ရှုပ်​စရာအ​ကောင်​ကို ​ပြောလိုက်​သည်​။

"ဒါ အဆင်​​မ​ပြေဘူးလား? ငါ မင်းကို အမြဲဒီလို​ခေါ်ခဲ့တာပဲကို" David ရယ်​ရင်း Renshu​ဘေးနားကိုပိုတိုးကပ်​ကာ ထိုင်​လိုက်​သည်​။
"မင်းနာမည်​က ဘာလဲ" သူ​မေးလိုက်​သည်​။ စက်​ဆုပ်​စရာ​ကောင်းတဲ့သူ့သူငယ်​ချင်းက သူ့ကို ဒီအလှ​လေးနဲ့ မိတ်​မဆက်​​ပေးချင်​ဘူး​ပေါ့, ဘာလို့ သူ့ဘာသာသူ မိတ်​မဆက်​ရမှာလဲ?

နောက်​ဆုံး စကားဝိုင်​ထဲကို ပါဝင်​လာပြီး၊ သူ့ဆီ​ခေါင်းစဉ်​​ရောက်​လာသည့်​ Renshuက ,
"ကျွန်​​တော့်​__"

"သူ့ကိုမ​ဖြေနဲ့" ကူရို သူ့ကို ဖြတ်​​ပြောလိုက်​သည်​။ ဒီလူ့တိရစ္ဆာန်​ဆီက​နေ သူ့အပိုင်​ 
ကြောင်​​ပေါက်​​လေးကို လွှတ်​​အောင်​လုပ်​ဖို့
နည်းမရှိ​ချေ။

Elite System MM Translation Where stories live. Discover now