2.1

5K 649 28
                                    

RenShuမျက်​လုံးဖွင့်​ကြည့်​လိုက်​တယ်​။ ဖွင့်​ထားတဲ့ပြတင်း​ပေါက်​က အလင်း​ရောင်​ပျပျ​လေးကို ​တွေ့လိုက်​ရတယ်​။ သူ့မျက်​လုံးကို ဖွင့်​လိုက်​ပြီးချိန်​မှာပဲ , သူရဲ့ မဟူရာမျက်​ဝန်းအစုံကို ချက်​ချင်း ပြန်​ပိတ်​လိုက်​တယ်​။

သူ ​ရွှေ့ဖို့ လုပ်​လိုက်​တဲ့အချိန်​မှာပဲ , သူ့စားပွဲ​ပေါ်မှာ အိပ်​​ပျော်​​နေပြီး အဝတ်​ design ပုံ​တွေကြားထဲမှာ ​နေ​နေမှန်းသိလိုက်​ရတယ်​။ သူ့​ဘေးဘီဝန်းကျင်​ကို ကြည့်​လိုက်​​တော့, အခန်းတခန်းထဲမှာပဲ။ သပ်​ရပ်​တဲ့အခန်းပဲ။ ​ကောင်းပြီ​လေ, စိတ်​ပျက်​စရာ design ပုံ​တွေကို မသိချင်​​ယောင်​​ဆောင်​ရ​အောင်​။

ဒေါက်​ ​ဒေါက်

"ကျဲ့မင်​, နိုး​နေပီလား? " ​မေးလိုက်​တယ်​။ အသံကို အသံကို ကြည့်​ရတာ​တော့ ​ယောကျာ်းတ​ယောက်​အသံပဲ။

RenShu သမ်း​ဝေလိုက်​ပြီး , အ​ကြောဆန့်​လိုက်​ပြီး​နောက်​, သူ့အလုပ်​သမား​တွေကို ပြန်​​ဖြေလိုက်​တယ်​။
"အင်း, ဝင်​လာခဲ့"

[ကိုယ်​ မင်း smart ကျတယ်​လို့ ဘယ်​တုန်းကမှ မထင်​မိဘူး, သူက မင်းအလုပ်​သမားပဲ​လေ]

ပါးစပ်​ပိတ်​စမ်း!! ​နှောင့်​ယှက်​​မ​နေနဲ့!!

ပြီး​နောက်​, Chen တကယ်​ ငြိမ်​ငြိမ်​​လေး​နေ​နေတယ်​။ ​ကောင်​ပီ , သူ့ကို RenShu ဂရုမစိုက်​​တော့ဘူး။

ဖွင့်​လာတဲ့တံခါးဝမှာ အညို​ရောင်​ ​ခေါင်းကို ​တွေ့လိုက်​တယ်​။ တဖြည်းဖြည်း မျက်​ဝန်း၂စုံကို မြင်​လိုက်​တယ်​။ ထိုသူ့ရဲ့နှာတံ , ပါးစပ်​နဲ့ မျက်​နှာ​ပါ ​ပေါ်ထွက်​လာတယ်​။

ကြည့်​ရတာ,ရင်းနှီးတဲ့မျက်​နှာပဲ, RenShu ဒီမူလခန္ဓာကိုယ်​ပိုင်​ရှင်​ရဲ့ မှတ်​ဥာဏ်ကို တူး​ဖော်​ကြည့်​လိုက်​တယ်​။ ဒီ​ကောင်​​လေးရဲ့ နာမည်​က ဖုန့်​ကျွင့်​ , ကျဲ့မင်​ရဲ့ လက်​​ထောက်​တ​ယောက်​။

"မင်​မင်​, စာနယ်​ဇင်းသမား​တွေ ဒီမှာ​ရောက်​​နေတယ်​။ သူတို့က ခင်​ဗျားကို ကမ္ဘာကို ရုပ်​လုံးထွက်​ပြဖို့ လိုချင်​​နေတယ်​။ ငြင်းအုံးမှာလား ခင်​ဗျ?" , ဒီအညို​ရောင်​​ကောင်​​လေးဟာ သူ့ကို ​မေးလိုက်​တယ်​။

Elite System MM Translation Where stories live. Discover now