2.3

4.1K 469 14
                                    

ရှင်းသန့်​ ​တောက်​​ပြောင်​​ပြီး ​ဈေးကြီးတဲ့ကားတစ်​စီးဟာ company ရဲ့ကားဂို​ဒေါင်​က​နေ ထွက်​ခွာလာတယ်​။ အလုပ်​သမားတချို့ရဲ့အာရုံစိုက်​ခြင်းကို ခံလိုက်​ရတယ်​။ ဒါ​ပေမဲ့ ဒီလို​ဈေးကြီးတဲ့ကားကို ဝယ်​နိုင်​တဲ့သူက Designer ​​ချောင်​ကျဲ့မင်​တဦးထဲပဲရှိတယ်​ဆိုတာ သူတို့သိကြတယ်​။ ဒါ​​ပေမဲ့ သွားတဲ့လမ်းက​တော့ Designerကြီးရဲ့​နေရာမဟုတ်​​လေဘူး။  မျက်​လုံးအများကြီးက ဒီကားကိုပဲ ကြည့်​​နေကြပြီး ဒီလျှို့ဝှက်​ငယ်​ရွယ်​တဲ့အရှင်​ငယ်​​လေးဟာ ဘယ်​သူလဲဆိုတာ သိချင်​​နေကြပီ။

ကားပိုင်​ရှင်​က​တော့ ဘာမှမထူးခြားသလို​ပေမဲ့ Driverက​တော့ အရမ်း ကတုန်​ကယင်​ ဖြစ်​​နေပီ။ ဒီ​နေ့အချိန်​စာရင်းက companyရဲ့ပထမအဆင့်​ photoshootတခုဖြစ်​တဲ့ Mono.Magazine အတွက်​ photoရိုက်​​ပေးဖို့နဲ့ 'ကျဲ့လင်း'ရဲ့​နောက်​ရုပ်​ရှင်​အတွက်​ ဇာတ်​ညွှန်းယူဖို့ဖြစ်​တယ်​။ ဒါ​ပေမဲ့ မန်​​နေဂျာ​လေးစိုးရိမ်​​နေတာက ထ်ုသူ့ရဲ့​နောက်​ဆုံး​ပေါ်ကား​ကြောင့်​။ ဒါက, အကိုကြီးရဲ့စွမ်းရည်​က သရုပ်​​ဆောင်​ကြယ်​ပွင့်​​လေးလိုပဲ။ ​သေချာတယ်​, သူက ​ကျော်​ကြားလာမှာ။ ဒါ​ပေမဲ့ တခြားသူ​တွေ​ရှေ့မှာ သရုပ်​​ဆောင်​ပုံနည်းနည်းနဲ့ poseနည်းနည်း​ပေးပြီး သူ့ရဲ့ပုံရိပ်​ကို ထိန်းသိမ်းတတ်​ဖို့​တော့လိုတာ​ပေါ့။

ဒီလူ့ရဲ့အကိုကြီးက...လင်းလင်းထက်​​တော့ ပိုပြီး skill​ကောင်း​လောက်​မှာပါ​နော်​...ဟုတ်​တယ်​မှတ်​လား? အနည်းဆုံး​တော့ သူ့မှာ ငါ့ကို ​နှောင့်​ယှက်​မဲ့သဘာဝမကျတဲ့အ​ကြောင်း​တွေ​တော့ မရှိ​လောက်​ပါဘူး...​နေပါအုံး...အခုထိ ​သေချာမသိ​သေးတာ...

မင်​ယူ​လေးက​တော့ သူ့အ​တွေး​တွေထဲ နစ်​​မြော​နေစဉ်​မှာ ကျဲ့မင်​က​တော့ အချက်​ပြမီး​ရောင်​ စိမ်းလာတာ ကြည့်​လိုက်​ပြီး​နောက်​ သူ့'မန်​​နေဂျာ'ကို ထူးမခြားနားစွာစိုက်​ ကြည့်​လိုက်​တယ်​။

"မင်း ဘာလုပ်​​နေတာလဲ? မီးစိမ်း​နေပီ ငါ့ကို ပြသနာတတ်​​အောင်​ မလုပ်​စမ်းပါနဲ့ အ​နောက်​မှာ မလိုအပ်​ဘဲ ​ပြောမဲ့လူ​တွေ ချည်ပဲ။ ​သေချာ​မောင်း , ငါ့ကို​လိုက်​​မောင်းပို့​နေရင်း စိတ်​ကူး​တွေစွတ်​ယဉ်​မ​နေနဲ့ ဥက္ကဋ္ဌကို​ပြောပြီး မန်​​နေဂျာ​ပြောင်းလို့ရတယ်​..." သူ့အသံက ​အေးစက်​ပြတ်​သား​နေပြီး မန်​​နေဂျာ​လေးကို အံသြသင့်​​အောင်​ လုပ်​လိုက်​သလိုပဲ။ ချက်​ချင်းထ​ပြော​တော့တယ်​။

Elite System MM Translation Donde viven las historias. Descúbrelo ahora