4.5

2.2K 285 37
                                    

"​အော်​, အိမ်​​ရှေ့စံယု!"

...ဒါ သူနဲ့မထင်​မှတ်​ပဲ ​တွေ့တာကိုး။ Renshu အဖက်​မတန်​သလို ​တွေးလိုက်​ရင်း သူ့မျက်​နှာထက်​ fake smile​လေး ချိတ်​ဆွဲကာ သူ့နန်း​ဆောင်​ဆီ သွားလိုက်​သည်​။ ဒါ​ပေမဲ့ ဒီစိတ်​ရှုပ်​စရာ မိန်းမငယ်​​လေးက​တော့ သူမကို ကြိုဆိုတယ်​လို့ ထင်​သွား​လေရဲ့။ အိုး..မင်းက မပါးနပ်​ဘူးလား? ငါ မင်းဆီ ​လျှောက်​လာတာ မဟုတ်​ဘူးဆိုတာကို မမြင်​ဘူးလား? မင်းရဲ့ဦး​နှောက်​ကြီးကို ဘယလို့အသုံးမချရတာလဲ? hostက ဆဲဆိုပြီးရင်း ဆဲဆို​နေသည်​။ သူ မျက်​​မှောင်​ကြုတ်​လိုက်​​ပေမဲ့ သူ့ရဲ့မာ​တောင့်​​နေတဲ့အပြုံးဟာ အမှန်​တကယ်​​တော့ ရန်​ယီကို  မြင်​ရတာ ဘယ်​​လောက်​​တောင်​ စိတ်​မသက်​မသာဖြစ်​​နေလဲဆိုတာကို ပြသ​နေတယ်​။

ကိုယ်​ရံ​တော်​ ​ကျောက်​ဝူ မျက်​​မှောင်​ကြုတ်​လိုက်​သည်​။ မင်းသားရဲ့အ​စောင့်​အ​ရှောက်​နဲ့
ကိုယ်​ပိုင်​အ​စေခံဖြစ်​လာထဲက သူ မင်းသား​လေးရဲ့ စိတ်​ခံစားချက်​နဲ့ အမူအရာအားလုံးကို
အ​တွေ့အကြုံရှိပြီးသား။ သူ့မျက်​လုံးထဲမှာ အခု ​ပြောင်းလဲမှု နည်းနည်း​လေး​တောင်​ မရှိဘူး။
ဒါ​ပေါ့ ကိုယ်​ရံ​တော်​ မျက်​လုံးထဲမှာ သူ​လေးက တဖြည်းဖြည်း ခန့်​ညားလာတယ်​။ အခု သူက ပညာမဲ့ ရမ်းကားတဲ့ပုံလဲ မ​ပေါ်​တော့ဘူး။
ငယ်​ရွယ်​တဲ့စစ်​သူကြီးက  လွန်​ခဲ့တဲ့နှစ်​နှစ်​​လောက်​ထဲက သိလာတာ​ပေါ့။ သူက အခု
မင်းသားရဲ့အ​စောင့်​​လေ။ ဝမ်​ယုရဲ့ လုံခြုံ​ရေးကို ​စောင့်​​ရှောက်​​ပေးရတာ​​ပေါ့။ ဒါ​ပေမဲ့ သူ​လေးရဲ့ အ​စောင့်​အ​ရှောက်​ဖြစ်​​နေမဲ့ သူ မ​ပျော်​ရွှင်​တာ မဖြစ်​​စေချင်​ဘူး။ ဒါ့​ကြောင့်​, ​ကျောက်​ဝူ
အ​ရှေ့ကို ​လျှောက်​ရင်း မင်းသားအ​ရှေ့မှာ ရပ်​လိုက်​၏။

ဒါကို မြင်​​တော့, ခပ်​မြန်​မြန်​​ ​ပြေးလာတဲ့
ရန်​ယီက သူမလမ်း​ကြောင်းကို
ရပ်​တန့်​သွားရသည်​။ သူမ အ​စောင့်​ကို
ကြည့်​လိုက်​တယ်​_မဟုတ်​ဘူး , စစ်​သူကြီးက အိမ်​​ရှေ့စံအ​ရှေ့မှာမှာ ရပ်​​နေတယ်​။ သူက ကြည့်​​ကောင်းလိုက်​တာမှ အရမ်းအရမ်းကိုပဲ။ အိမ်​​ရှေ့စံရဲ့လက်​​ထောက်​...
သူတို့နှစ်​​ယောက်​စလုံးကို မဟုတ်​ရင်​လဲ....သူမအတွက်​ ပိုပြီး သင့်​​တော်​တာပဲ​လေ။ ​မောင်းမ​ဆောင်​က သိပ့်​မဆိုးပါဘူး။
တတိယမင်းသားကို သူမ ဂွင်​ဆင်
ဖမ်းရခက်ထဲက , အဲဒီအစား ဒီနှစ်​​ယောက်​ကိုပဲ ဘာလို့ မသိမ်းပိုက်​ရမှာလဲ? အိမ်​​ရှေ့စံ​လေးက ပို​တော်​လာတယ်​လို့လဲ သူမ ကြားတယ်​။ သူက ပညာ​တော်​သင်​ဆုလဲ ရထားတယ်​။ ကြီးစိုးနိုင်​တဲ့အ​ရောင်​အဝါလဲ အပြည့်​ပဲ။ ဧကရာဇ်​ကလဲ သ​ဘောကျတယ်​တဲ့။ သူက စစ်​​ရေးစစ်​ရာမှာ​ရော၊ အတိုက်​အခိုက်​ကိုယ်​ခံပညာမှာပါ ဗျူဟာ​တွေက အရမ်း ကျွမ်းကျင်​ပိုင်​နိုင်​လွန်းတယ်​လို့လဲ ကြားမိတယ်​...​မှော်​လိုပဲ , တစ်​ညထဲနဲ့
ဒီမင်းသားက လုံးဝ​ပြောင်းလဲသွားတာ...သူ့ကို ပိုင်​ဆိုင်​ရမှာ​ပေါ့။ ဒါက သူမ ​တွေး​နေစရာကို မလိုတာ...အခု သူက ​ကောင်းမွန်​လာပီ​လေ။ ​ကောင်းမွန်​ထက်​မြက်​၊​တော်​တဲ့ ​ယောကျာ်းမှန်​သမျှ သူမကိုပဲ ချစ်​လာရမှာ။ ဘာပဲဖြစ်​ဖြစ်​ ကိစ္စမရှိဘူး။ သူတို့​တွေ သူမကို ချစ်​ကို ချစ်​လာမှာ ​သေချာတယ်​။ ဒါ​ကြောင့်​ သူမ​လေးက မျက်​နှာ​ထက်​ အံ့သြသ​ယောင်​ ချိတ်​ဆွဲလိုက်​သည်​။ (T/N: အမရဲ့လယ်​ကွက်​က
ခံနိုင်​ရည်​အား ​ကောင်းလိုက်​တာရှင်​)

Elite System MM Translation Where stories live. Discover now