Prologue

29.7K 1.1K 33
                                    

သူက ​အောင်​မြင်​တဲ့သရုပ်​​ဆောင်​တစ်​​ယောက်​။
သူဟာ ကမ္ဘာ့ထိပ်​တန်း သရုပ်​​ဆောင်​အဖြစ်​ ​ကျော်​ကြားတယ်​။ သူ့နိုင်​ငံအတွက်​ ဂုဏ်​ယူစရာဖြစ်​ခဲ့တယ်​။ သူကို လူတိုင်းက ချစ်​ခင်​ကြတယ်​။ သူရဲ့အလှတရားကို ချီးမွမ်းကြတယ်

ရုတ်​တရက်​, ကံဆိုးမိုး​မှောင်​ အကြီးစား ကျခဲ့ရတယ်​။ သူရဲ့မိသားစုဝင်​​တွေဟာ သူရဲ့အမကြီးရယ်​ ဝမ်းကွဲရယ်​ကို ​ခေါ်​ဆောင်​လာပြီး လာနူတ်​ဆက်​ခဲ့တယ်​။ ဒါ​ပေမဲ့ စိတ်​မ​ကောင်းစရာက သူ့အ​ဖေ​သေသွားပြီဆိုတာ ကြားခဲ့ရတယ်​။ ဒါ​ကြောင့်​ သူ့​နေရာမှာ ခိုကိုးစရာ​နေရာ လာရှာတာဖြစ်​တယ်​။ ဒါ​ပေါ့ RenShuဟာ ဘဝတစ်​​လျှောက်​လုံး မိဘမဲ့​ဂေဟာမှာ ​နေခဲ့ရတာ​ကြောင့်​ ဝမ်းသာစွာ ကြိုဆိုခဲ့တယ်​။ သူရဲ့မန်​​နေဂျာ အကြီးအကဲ သူငယ်​ချင်း ​တွေဟာ သ​ဘောမတူ​ပေမဲ့လဲ သူက​တော့ နှလုံးသားထဲ​နေ လှိုက်​လှိုက်​လှဲလှဲ ကို လက်​ခံခဲ့တယ်​။သူတို့ကို ​ဈေးကြီးတဲ့ပစ္စည်း​တွေနဲ့ မျက်​နှာသာ​ပေးခဲ့တယ်​။ သူ့မှာ ရှိတဲ့အရာအားလုံး​ပေါ့
အဝတ်​အစား , အစားအ​သောက်​, ရတနာပစ္စည်း​တွေ, ပိုက်​ဆံ​တွေ, ဂုဏ်​ဒြပ်​​တွေကအစ အားလုံးကို​ပေါ့​လေ။

ဒါ​ပေမဲ့, RenShuဟာ မိသားစုကို အရမ်းလိုချင်​​နေတာ​ကြောင့်​ လူ​တွေရဲ့​လောဘကြီးတဲ့သဘာဝကို ​မေ့​လျှော့​နေခဲ့တယ်​။ RenShuဟာ လိမ္မာပါးနပ်​ပြီး လူတိုင်းနဲ့ ရင်းနှီးလွယ်​တယ်​။ ဒါက သူရဲ့မိတ်​​ဆွေသူငယ်​ချင်း​တွေဟာ မိသားစုအ​ခြေအ​နေကိုစိုးရိမ်​​နေတာ​တောင်​မှ သူနဲ့ဆို ​ပျော်​ရွင်​ကြတယ်​။

တ​နေ့, သူအလုပ်​သွားဖို့လုပ်​​နေတုန်း, သူ့အ​စေခံ​တွေဟာ အိမ်​ကြီးထဲဝင်​လာပြီး နူတ်​ဆက်​တယ်​။ ဒါ​ပေါ့ သူ့"အ​မေ"ဆိုတဲ့သူလဲ ပါလာတာ​ပေါ့​လေ။ ပြီး​နောက်​ လူငယ်​​လေးကို ဖက်​လိုက်ပြီး

"သား​လေး RenShu...စားပြီးပြီးလား?"

လို့ ညင်​သာတဲ့အသံနဲ့​မေးလိုက်​တယ်​။ သူရဲ့​အေးစက်​​နေတဲ့နှလုံးသား​လေးဟာ အရည်​​ပျော်​ကျသွားတယ်​။

"မစားရ​သေးဘူး အ​မေ, ဘာလို့လဲ? ညစာစားမလို့လား? ဒါမှမဟုတ်​ အပြင်​မှာစားမလို့လား"
လို့ အထင်​အမြင်​​သေးနှိမ့်​ချမှု​တောင်​မပါဘဲ စိုးရိမ်​ပူပန်​စွာ​မေးလိုက်​တယ်​။

Elite System MM Translation Where stories live. Discover now