4.6

2.2K 248 7
                                    

ညသန်း​ခေါင်​ယံ နီးကပ်​လာချိန်​, Renshu ​ဆေးရဲ့ side effect ကို စိတ်​ရှည်​စွာ ​စောင့်​ဆိုင်း​နေလိုက်​တယ်​။ တစ်​မိနစ်​...နှစ်​မိနစ်​....ငါးမိနစ်​။ တစ်​နာရီ​လောက်​ကြာပြီးချိန်​...
ဘာမှမဖြစ်​လာဘူးလားဟ? Renshu
မျက်​​မှောင်​ကြုတ်​လိုက်​သည်​။
သူ စိတ်​မရှည်​​တော့ဘူး။ ဒါ​ကြောင့်
သက်​​တော်​​စောင့်​ရဲ့ ခန္ဓာကိုယ်​ကို လှုပ်​နိုးလိုက်​​လေသည်​။

"​ကျောက်​ဝူ, ခင်​ဗျား တစ်​ခုခု ပုံမှန်​မဟုတ်​တာ ခံစားမိလား?" မင်းသား​မေးလိုက်​သည်​။

သူ့သခင်​က သူ့ကို နိုးသံကြားလိုက်​ချိန်​ 
ကျောက်​ဝူ မျက်​လုံးကို ​ဖြေးညှင်းစွာ ဖွင့်​လိုက်​သည်​။ သူ့မျက်​လုံး​တွေ ဖွင့်​လိုက်​ချိန်
သူ့မင်းသား​လေးရဲ့ မျက်​နှာခုနှစ်​​ခေါက်​ချိုး
ရှစ်​​ခေါက်​ချိုး စူပုပ်​​နေ​တာကို ​တွေ့လိုက်​ရသည်​။ ရှင်းရှင်းလင်းလင်းကြိးကို သူ့အမူအရာက
စိတ်​မ​ကျေနပ်​တာကို ပြသ​နေတယ်​...။
ဘာ့​ကြောင့်​မှန်းမသိပဲ သူ​နောက်​လိုက်​မဖြစ်​လာခင်​ကဆိုရင်​ မင်းသား​လေးက ဘယ်​သူမှ မချိုးဖျက်​နိုင်​တဲ့ဟန်​​ဆောင်​မျက်​နှာဖုံး
ဝတ်​ဆင်ထား​ခဲ့တယ်​။
အခုကျ​တော့​ရော?...ဒီသဘာဝမျက်​နှာ​လေးကို သူ အလွယ်​တကူ ဖတ်​တတ်​လာခဲ့တယ်​။ ဘာလို့လဲ​ မသိဘူး။ ​ကျောက်​ဝူ မျက်​လုံး​လေး ​ပေကလပ်​ ​ပေကလပ်​ လုပ်​လိုက်​ကာ ထထိုင်​လိုက်​သည်​။

"အရှင့်​သား, ကျွန်​​တော်​မျိုး ​မေးခွန်းတစ်​ခု ​မေးလို့ရလား"

သက်​​တော်​​စောင့်​က သူ့လှုပ်​ရှားမှုကို ဂရုတစိုက်​ လုပ်​ဖို့ လိုတယ်​​လေ။

"ဘာ​မေးမှာလဲ?!" ကွဲပြားသွားတဲ့ အသံ​ကာလာအ​နေအထားကို ကြားလိုက်​​တော့...​ကျောက်​ဝူ မျက်​ခုံးပင့်​မိလိုက်​သည်​။ သူ
အ​သေးအဖွဲ့​လေးကအစ အကုန်​လုံးကို တကယ်​ ​ဖော်​ထုတ်​နိုင်​တာပဲ။

"ကျွန်​​တော်​မျိုးရဲ့ ခန္ဓာကိုယ်​မှာ အခု
အရှင့်​သား​ဆေး​ကြောင့်
ဘယ်​လိုမျိုး​ပြောင်းလဲသွားလဲဆိုတာကို
မ​သေချာ​ကြောင်းပါ။ ​ဆေးရဲ့သက်​​ရောက်​မှုက ​နောက်​ရက်​​တွေမှ ပြလိမ့်​မယ်​ထင်​တယ်​။ 
အရှင့်​သား ဆေး​သောက်​ခဲ့တဲ့သူ​တွေကို
ဘယ်​အချိန်​မှ အစွမ်းပြလဲဆိုတာ
မေးမိလိုက်​လား? သန်း​ခေါင်​ယံမှ ဖြစ်​တာလားဗျ။ တကယ်​လို့ ဆက်​​စောင့်​​နေမယ်​ဆိုရင်​, ဒီအ​စောင့်​က အရှင့်​သားရဲ့အဖိုးတန်​အိပ်​ချိန်​​တွေ ​လျှော့သွားမှာကို
စိုးရိမ်​မိ​ကြောင်းပါ။" ​ကျောက်​ဝူ
မင်းသား​လေးရဲ့စိတ်​ခံစားချက်
ဆိုးဝါး​နေပီဖြစ်​​ကြောင်းကို သိလိုက်​ကထဲက , သူ့ကုတင်​​ပေါ်က​နေ ဆင်းသွား​တော့သည်​။ ကြမ်းပြင်​​ပေါ်သို့ ​ခြေတစ်​လှမ်းပဲ
ထိရ​သေးတယ်​။ သူ့ဝတ်​စုံအစကို 
ဆောင့်​ဆွဲလိုက်​တာကို သိလိုက်​ရတယ်​...

Elite System MM Translation Where stories live. Discover now