78 👨‍❤️‍💋‍👨

ابدأ من البداية
                                    

ဘေးပတ်ပတ်လည်တွင်လည်း
သစ်ပင်တွေ စိုက်ထားသည်ကြောင့်
နေရတာ အေးအေးလေးနှင့်
နေလို့ကောင်းနေသည်....

ကျွန်တော် ချစ်ရတဲ့
ကျွန်တော့ကိုချစ်တဲ့
ကျွန်တော်တို့နှစ်ဦး၏ မင်္ဂလာပွဲလေးတွင်
သိပ်မများသော ဧည့်သည်များနှင့်
ကျွန်တော်တို့၏ လူရင်းများဟု
ပြော၍ ရနိုင်သော ဧည့်သည်များကိုသာ
ဖိတ်ကြားထားသည်....

စားပွဲခုံတွင် ထိုင်ခုံ လေးငါးခုံ
ဝိုင်းထိုင်သည့် ဒီဇိုင်းမျိုး မဟုတ်ပါဘဲ....
ဘုရားကျောင်းတွင်မင်္ဂလာဆောင်သလို
အရှေ့ဘက်ကိုသာ အားလုံးမျက်နှာမူပြီး
ထိုင်ရသော ပုံစံမျိုးလေးအဖြစ်
အခမ်းအနားကို စီစဉ်ထားသည်....

လေးယောက် ငါးယောက်လောက်
အတူတူ ထိုင်နိုင်သော
သစ်လုံးခုံတန်းလေးတွေ၏
ထိုင်ခုံ အောက်နားဖက်ကို
ပန်းအဖြူသေးသေးလေးတွေ
ပွင့်နေသော ပန်းအနွယ်အခက်လေးတွေ ကပ်ထားကာ အလှဆင်ထားသည်....

ကျွန်တော်တို့ မင်္ဂလာ ကတိစကားပြောမည့်
ဖာသာ၏ အနောက်ကိုလည်း
ပန်းအဖြူအစစ်တွေဖြင့် နံရံပုံစံလုပ်ထားသည်
မသိလျှင် ကျွန်တော်တို့မင်္ဂလာပွဲမှာ တောအုပ်ကလေးအတွင်းတွင်
ကျင်းပနေသလိုလို....

နေရောင်ခြည်က နေ့ခင်းအပူလို
ပူခြင်းမျိုးမရှိတော့ဘဲ ပုဇွန်ဆီရောင်
သန်းကာ ကျွန်တော်တို့အားလုံးအပေါ်တွင်
ဖြာကျနေပုံက ပို၍ လှနေသည်.....

ကျွန်တော်ကတော့ ပွဲ၏ထိပ်ဆုံးတွင်
မတ်တပ်ရပ်နေကာ ကျွန်တော်နှင့် မျက်နှာချင်းဆိုင်တွင်တော့
ဝင်ပေါက်အတုပုံစံလေးကို
ဇာအဖြူလေးဖြင့်ကာထားပြီး
သူလေးက ထိုဝင်ပေါက်ကလေးမှ
ကျွန်တော့ဆီသို့ လမ်းလျှောက်လာရန်
စီစဉ်ထားသည်.....

မီးများအားလုံးကိုလည်း Neon မီးများသာ
ဆင်ထားပြီး ညနေခင်း နေလေးစောင်းပြီးဆိုသည်နှင့် ပွဲကိုစမည်ဖြစ်ကာ
မင်္ဂလာပွဲက ဆည်းဆာတွင်
စီစဉ်ထားသည် ဖြစ်တာကြောင့်
မင်္ဂလာပွဲပြီးသည်နှင့်
ပါတီတန်းပေးမည်ဖြစ်သည်...

ဒယ်ဒီ ၊ မာမီ နှင့် ကလေး၏ ဒယ်ဒီ့
မိတ်ဆွေ သူငယ်ချင်းတွေအတွက်ကတော့
စားစရာများကို သပ်သပ်စီစဉ်ထားပြီး
ကျွန်တော့အပေါင်းအသင်း ၊
ကိုလေးအပေါင်းအသင်းဆရာဝန်များနှင့်
ကိုကြီးသူငယ်ချင်း လူငယ်တွေ
အတွက်ကိုတော့ BBQ နှင့်
ရှန်ပိန်တွေ ဝိုင်တွေ စီစဉ်ထားကာ
အားလုံးကို လွတ်လွတ်လပ်လပ်ပင်
ကျွန်တော်တို့ မင်္ဂလာပွဲအား
ပါဝင်ဆင်နွှဲစေမည်.....

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀حيث تعيش القصص. اكتشف الآن