စိတ်ရောဂါဆိုသည့်အသံနှင့်တင်
ကလေးကလည်းမပြချင်ဘူးဟု
ငြင်းနေသည်ဟုလည်း ကြားရသည်...

ထို့ကြောင့် သူပဲ ပြန်ပြီး ကလေးကို
ကောင်းအောင် ဖေးမပေးမည်ဟု
ဆုံးဖြတ်ချက်ချကာ စိတ်ဆရာဝန်နှင့်
သွားမပြဘဲနေလေသည်....

ကျွန်တော်တို့ကတော့ သူတို့နှစ်ယောက်
လိုအပ်သည်ဆိုသည့်အရာများကို
လုပ်ပေးရန်ပဲ တတ်နိုင်တော့သည်...

ခံစားရတာတွေကို ကာယကံရှင်
နှစ်ယောက်က ပိုသိမှာပေါ့....

အဖြစ်အပျက်ကြီးကလည်း သူတို့ကိုယ်တိုင်
ခံစားခဲ့ရတာကိုး... နှစ်ယောက်စလုံး
အပြင်ဒဏ်ရာထက် အမည်ဖော်မရတဲ့
အတွင်းဒဏ်ရာတွေသာ ရခဲ့ကြတာကိုတော့
ဘယ်သူ့ကိုပြောလို့ ယုံနိုင်မည်နည်း...

တွေးနေတုန်းရှိသေးသည်...
လှေကားပေါ်ကနေ ကလေးလက်ကိုဆွဲကာ
ဆင်းလာသော ငယ်လေးက
ကျွန်တော့ကိုတိုင်တည်ကာပြောလာသည်...

“ ဒီနေ့တော့ သားတို့
အပြင်ခဏလောက် သွားဦးမယ်...”

“ ဟင်... ညနေဘက်ကြီးကျမှ...
အင်း အင်း...သိပ်အဝေးကြီးမသွားနဲ့နော်
ကြားလား...”

ဟုသာ ပြောပြီး ခွင့်ပေးလိုက်တော့သည်...
ဘာပဲပြောပြော ငယ်လေးလည်း အသက်အရွယ် တစ်ခုရောက်နေသည့်အပြင် အလုပ်တွေတောင် ကိုယ်တိုင်ဦးစီးပြီး
လုပ်နေနိုင်ပြီဆိုတော့ သိပ်ပြီးနေရာတကာ ဝင်စွက်ဖက်နေလို့ မကောင်းသည်ကြောင့်
ဘယ်သွားမလို့လဲတောင် မမေးလိုက်ပါ...

သို့သော် ဘယ်လောက်ပဲ အသက်တွေ
ကြီးကြီး ကိုယ့်အတွက်တော့ ကလေးတွေဟုပဲ
မှတ်ယူထားတာကြောင့် စိတ်ကလည်း
မချနိုင်ဖြစ်နေသေးတာကို သူတို့သိစေရန်
သိပ်အဝေးကြီးမသွားနဲ့ ဟုပြောကာ
နည်းနည်းတော့ တားလိုက်သေးသည်....

“ သားဝယ်ထားတဲ့မြေကွက်က အိမ်ကို
သွားကြည့်ကြမလို့...ငဆယ်က သူတို့လက်စသတ်ပေးထားတယ်လို့ ပြောလို့လေ...
သွားကြည့်ပြီးတော့ လိုတာလေးတွေ
ဘာလေးတွေရှိရင်ထပ်ထည့်မယ်...

နောက်ပြီး စိတ်ပြေလက်ပျောက်လည်း
ဖြစ်အောင် လေကောင်းလေသန့်
နည်းနည်းလောက် သွားရှူမလားလို့ပါ...
အိမ်ထဲမှာ နေရတာ နည်းနည်း
စိတ်ရှုပ်လာလို့...”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Donde viven las historias. Descúbrelo ahora