Extra4

4.8K 341 7
                                    

Zawgyi

ဒန်းပုံစံ ကုတင်ကြီးမှာ လှဲနေတဲ့ရှောင်းကျန့် နားကို ရိပေါ် လျှောက်လာပြီးသူ့ရင်ဘတ်ပေါ် ခေါင်းလေးတင်ကာနှုတ်ခမ်းလေး ထော်ပြရင်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဒန်းပုံစံ ကုတင်ကြီးမှာ လှဲနေတဲ့
ရှောင်းကျန့် နားကို ရိပေါ် လျှောက်လာပြီး
သူ့ရင်ဘတ်ပေါ် ခေါင်းလေးတင်ကာ
နှုတ်ခမ်းလေး ထော်ပြရင်း

"ကိုကို... သားငယ်လေး တစ်နှစ်ပြည့်
မွေးနေ့လေးအတွက် ဘာလုပ်မယ်
စိတ်ကူးထားလဲ......"

"ကလေး ကြိုက်သလို စီစဉ်လေ.... ကလေး
ဆုံးဖြတ်ချက်က ကိုကို ဆုံးဖြတ်ချက်ပဲ..."

"ကလေးကတော့ ကမ်းခြေသွားချင်တာ
ဒါပေမဲ့ သားလေးက ငယ်သေးတယ်နော်
ပင်လယ်လေစိမ်းဆို အအေးခံနိုင်ပါ့မလား
မသိဘူး...."

"ကလေးကလည်း ကြံဖန်ပြီး ပူနေပြန်ပြီ
ကိစ္စ မရှိပါဘူး ကလေးရဲ့.., ကျန်တာ
မပူနဲ့..ကိုယ့်ယောက်ျား တစ်ယောက်လုံး
ရှိနေတာကို...."

"ဒါပေမဲ့လေ..."

"ရှူး.... ဘာမှ မပြောနဲ့တော့...."

ရှောင်းကျန့် ရိပေါ် နှုတ်ခမ်းလေပေါ် လက်ညိုး
လေးထိကပ်ကာ ကိုယ်လုံးသေးသေးလေးကို
ရင်ခွင်ထဲ ထည့်ကာ ဆံပင်တွေ ဝဲကျနေသည့်
နဖူးပြင်လေးကို သပ်တင်ပေးနေမိတယ်.....

"ကိုကို.... မနေ့တစ်နေ့ကလိုပဲ
ကိုကိုနဲ့ လက်ထပ်ပြီးပြီဆိုတာ ယုံကို
မယုံနိုင်ဘူး.... တွေးမိတိုင်း ရင်ခုန်ရတယ်..."

"ကလေးကလည်း သားသမီးတွေတောင်
ရနေပြီပဲ... ကိုကို အချစ်ကို မယုံတာလား.."

"ကိုကိုကလည်း နည်းနည်းလေးတောင်
Roမရဘူး......"

"ဒီလူကြီးက မင်းလေး အပိုင်မို့ မဟုတ်တာတွေ
မတွေးနဲ့နော်...ကိုယ်ဘေးမှာပဲ
အမြဲနေပေး...."

ဒန်းကုတင်ကြီးပေါ်တွင် နေရာကြပ်နေသည့်
အလား ပူးကပ်စွာ ပွေ့ဖက်ထားတဲ့
သူတို့ လင်လင်တွေကတော့ ပတ်ဝန်းကျင်
ကို အလေးပင် ထားမည့်ပုံမပေါ်....
ရုတ်တရက် ရိပေါ် သူ့မက်မွန်သီးကို
လာကိုင်တဲ့ လက်ကြောင့် ရှောင်းကျန့် ကို
ကြည့်လိုက်တော့....ပျားရည်လို သကာရည်
လောင်းထားတဲ့ ရုပ်နဲ့ စပ်ဖြီးဖြီး....

Ko Ko's Lovely Chap [✓✓Complete ✓✓]Where stories live. Discover now