Unicode
အပိုင်း ၁၈
Operation ခန်းရှေ့မှာ အချိန် အတော်ကြာအောင်ထိပင် ထိုင်စောင့်နေမိတယ်။ ကိုယ် ချစ်ရသူ က သေမင်းနှင့် ရင်ဆိုင်နေရချိန်.... ဘုရားသခင် သာ တကယ်ရှိရင် ကျတော် ချစ်တဲ့ လူသားလေးကို မှောက်မိုက်ပြီး စိုစွတ် ကြောက်မက်ဖွယ်ကောင်းတဲ့ နေရာ ဆီ ခေါ်မသွားဘူးမလား.....
ဘဝဆိုတာ တိုတိုလေးပါ.... ဒါပေမဲ့ ကျတော် ချစ်ရသူကိုတော့ ကျတော်ထက် အရင် ကမ်ဘာ ကြီးက ထွက်သွားခွင့် မပြုနိုင်ဘူး... အတ္တကြီးတယ်ပဲ ပြောပြော အချစ်နဲ့တွေ့လာရင် ပိုင်ဆိုင်လိုခြင်း ရမ္မက် မီးက အလိုလို နေရင်း ဖြစ်ပေါ်လာတာ....ကလေးရေ ကိုယ္ကို ခွဲမသွားဘူးမလားဟင် မင်းမရှိတဲ့ ကိုယ်ကမ်ဘာက အထီးကျန် တိတ်ဆိတ်မှုတွေ စိုးမိုးနေတာ သိတယ်မလားဟင်.... နာကျင်နေရလည်း ဆက်ချစ်နေမှာပဲ.... မင်းဘေးမှာသာ နေခွင့်ရမယ် ဆိုရင် အရာအားလုံးကို ဆန့်ကျင်ပြီး မင်းရဲ့ နံဘေးမှာ အမြဲနေခွင့်ပြုပါနော်.... ကိုယ်ဘဝရဲ့ မရှိမဖြစ် မီးအိမ်လေးရေ.... ထားမသွားပါနဲ့....တရွေ့ရွေ့ ရွေ့လျား နေသော နာရီ လက်တံလေး.... နာရီပေါင်း ၃၈နာရီ ရှိနေပြီ။ ခွဲစိတ်ခန်း တံခါးလေး ဘာလို့ ပွင့်မလာသေးတာလဲ....
ကိုယ္ကို စိုးရိမ်အောင် လုပ်တဲ့ နေရာမှာ နှစ်ယောက်အပြင် မရှိဘူးနော်.... နိုးလာရင် ကိုကို အပြစ်ပေးမှာနော်..... ပြန်ရှင်သန်လာရမယ်နော် ကေလး......တရွေ့ရွေ့ ကုန်လွန်သွားသော အချိန်... တဆစ်ဆစ် နာကျင်နေသော နှလုံးသားလေး...
Xiao Zhan နဲ့ Hao Xuan မွာ ရင်ပူနေရလေပြီ။ တစ်နေ့လုံး ဘာမွ မစားဘဲ ခွဲခန်းရှေ့မှာ စောင့်ကြည့်နေသော သူတို့နှစ်ယောက်.... ရှောင်မိသားစု ၊ ဝမ္မိသားစု နှင့် ဖန်ရှင်း ၊ ကျိုးချန် အားလုံးရဲ့ စိတ်ပူမှု၊ ငိုကြွေးမှု၊ ဆုတောင်းမှု လေးကို ရိပေါ် နှင့် ကျိရန် ခံစားနိုင်ပါစေ.... ခက်ခဲပေမဲ့လည်း နိုးထလာခ့ဲပါ.... မင်းတို့ကို သိပ်ချစ်တဲ့ လူတွေက စောင့်မျှော်နေတယ်ဆိုတာ.....
ခဏကြာတော့ ခွဲခန်း တံခါးလေး ပွင့်လာတော့ အားလုံး မျှော်လင့်ချက် ကြီးမားစွာ အဖြေကို စောင့်မျှော်နေကြသည်။
![](https://img.wattpad.com/cover/211574061-288-k548597.jpg)