အပိုင္း၂၁

10.5K 581 57
                                    

Unicode

အခုဆိုရင် ဝမ်ရိပေါ် ဗိုက်လုံးလုံးလေးက သိသိသာသာ စူထွက်လာသည်။ ရိပေါ် အစားလည်း အရမ်းကြီးလာသည်။ ရှောင်ကျန့် မွာ ရိပေါ် စားစရိတ္က မိသားစု စရိတ်ထက် ပိုကြီးမားလာသောကြောင့်... ရိပေါ် ဗိုက်ထဲက ကလေးလေးက အစားဂျပိုးလေးလို့ ထင်မိတယ်.... ဘာလေးလဲ သိရအောင် အက်ထရာဆောင်း ရိုက်ကြည့်ချင်ပေမဲ့ ဝမ်ရိပေါ် က ဇွတ်တင်းငြင်းသည်။ ကြိုသိထားရင် ပျော်ဖို့ သိပ်မကောင်းဘူးတဲ့..... မွေးလာမှာပဲ ဘာလေးလဲ သိတာ ပိုကောင်းတယ်တဲ့... ရှောင်ကျန့် ကလည်း ဝမ်ရိပေါ် ကို အရမ်း အလိုလိုက်ရသည်၊ တော်ကြာ ဗိုက်လုံးလေး စိတ်ကောက်ရင် လိုက်ချော့ရတာ မလွယ်ပေ။ အမွှာ နှစ်ယောက် ကလည်း ရိပေါ် ကိုယ်ဝန်ရှိလာကတည်းက ရိပေါ် နားသိပ်မကပ်ပေ။ ဒါကြောင့် ဝမ္မားက ရှောင်ကျန့် တို့အိမ် လာနေကာ အမွှာနှစ်ယောက် ဝေယျာဝစ္စ လုပ်ကိုင်ပေးသည်။ ရှောင်ကျန့် လည်း အလုပ်ကိစ္စ ကြောင့် ကလေးတွေ နား သိပ်မကပ်ဖြစ်ပေ။ အခုတေလာ အနုပညာ အလုပ် ပြန်လုပ်ဖို့ ကမ်းလှမ်းသူတွေ ရှိလာတယ်။ အနုပညာကို သူစွန့်လွှတ်ခ့ဲပြီးပြီ။
ထပ်လုပ်ဖို့က အစီအစဉ် မရှိသေးပေ။
ရှောင်ကျန့် ရိပေါ် နှင့် သားနှစ်ယောက် ကြိုက်သော မုန့်ကို ဝယ္ကာ အိမ်ပြန်လာခ့ဲသည်။

"မားရေ မား....ရိပေါ် ရော"

"အမေလး ရှောင်ကျန့် တို့များ ပြန်လာကတည်းက တဝမ်ဝမ်နဲ့.... မင်း လင်တော်မောင်က အိမ်ပေါ်မှာ.... "

"ဟုတ်မား... သားသွားဦးမယ်
ဒါနဲ့ ရှောင်ရိ နဲ့ ရှောင်ဝမ် ရောဟင်"

"ဟိုဘက်အိမ်မှာ သွားဆော့နေတယ် သား"

"ဟုတ် မား ဒီမွာ မုန့်တွေ အများကြီး ဝယ်လာတယ်...အစိမ်းရောင် အထုတ်နဲ့ဟာက ရိပေါ် အတွက်... ပန်းရောင် အထုတ္က အမွှာ နှစ်ယောက် အတွက်...အနက်ရောင် အထုတ်က မားအတွက်"

"အေး....အေး..."

ရှောင်ကျန့် ယောက္ခမကြီး ကို မှာစရာရှိတာ မှာပြီး အပေါ်ထပ်ပြေးတက်လာခ့ဲသည်။
ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကောင်လေး.... hoodie အနီရောင် ကြီးကို ဝတ်ထားသော ရိပေါ်....ခန္ဓာကိုယ် သေးသေးလေးက အကျႌ ကြားထဲ မြှုပ်နေပေမဲ့ ဗိုက်ပူလေးကြောင့် အံဝင်ခွင်ကျ....
အိပ်နေသော အကောင်ပေါက်လေးကို သွားနိုးတော့ မ်က္စိ အရင်မဖွင့်ဘဲ နှုတ်ခမ်းက အရင် စူထွက်လာသည်။ ဗိုက်ပူလေးက အခုတေလာ အရမ်းကို ချစ်ဖို့ကောင်းလာသည်။ ပါးဖောင်းဖောင်းလေး ၊ လက်တုတ်တုတ် ခြေတုတ်တုတ်လေးနှင့် ကိုယ်ဝန်ကြောင့်လား မသိဘူး
အစားကြီးသလို အအိပ်လည်း မက်သည်။ ရှောင်ကျန့် အထင် ဝေဿန္တာရာ ဇာတ်တော်ထဲက ဇူဇကား ပုဏ္ဏား ဝင်စားသလားလို့ အစားကြီးနေလို့။
XZ YB နှုတ်ခမ်းလေး ကို နမ်းလိုက်တော့ အလိုမက်သလို မျက်ခုံး နှစ်ဖက်ကို တွန့်ချိုးကာ XZကို စိုက်ကြည့်နေလေသည်။ အဟက်...လူဆိုးလေး....

Ko Ko's Lovely Chap [✓✓Complete ✓✓]Where stories live. Discover now