အပိုင္း၁၁

13.9K 851 30
                                    

Unicode

အပိုင်း၁၁

ရိပေါ် ကျောင်းသွားဖို့ ပြင်ဆင်နေရသည်။ မနေ့က ကိုကိုကြောင့် ကျောင်းပျက်လိုက်ရသည်။ အကြောင်းကတော့ သူသောင်းကျန်းထားတာကိုး...
အခုထိတောင် ​အောက်ပိုင်းနာကျင် မှုကြောင့်  လမ်းသိပ် မလျှောက်နိုင်ပေမဲ့လည်း ကျောင်းပျက်လို့မဖြစ်ပေ။
ကိုကိုကလည်း shooting ကြောင့် ရိပေါ်ကို ကျောင်းလိုက်မပို့နိုင်ပေ။ ရိပေါ် နားလည်ပါသည်။ ဒါကြောင့် ကိုကို ကို စိတ်အနှောက်အယှက်လည်း မဖြစ်စေချင်ပါ....။ ဒါပေမဲ့ ကိုကို ကို မတွေ့ရတော့ ရင်ထဲမကောင်းပေ။
ရိပေါ် စိတ်ပျက်ပျက်နဲ့ ကျောင်းလာမိသည်။ လမ်းမှာလည်း မိန်းကလေးများရဲ့ မျက်လုံးတွေက ရိပေါ် ဆီက မခွာ.... သူတို့ကြည့်ရင်လည်း ကြည့်ချင်စရာပါ...ရိပေါ် လမ်းလျှောက်နေပုံက ထော့နဲ့ထော့နဲ့ နှင့်ပင်...
မကြာခင် ဟိုမျောက်နှစ်ကောင်ရှိရာဆီ သူရောက်လာပါပြီ။

"ဟာ ပေါ်ကြီး...ဘယ်လိုဖြစ်တာလဲ
ခြေထောက်က....စကိတ် စီးရင်း ခြေခေါက်သွားတာလား..''

"မဟုတ်ပါဘူးကွာ.....ယုန်အကြီးကြီးကြောင့် ဖြစ်သွားတာကွ''

"ပိန်းဥရယ် ယုန်ကြီးတော့မရှိပါဘူး....
မဟုတ်မှလွဲ...ဟို ကျန့်ကော ကြောင့်လား.....မင်းတို့ဖြစ်သွားကြပြီလား''

ဖန်ရှင်း၏ စကားကြောင့် သောက်လက်စ ရေလေး သီးသွားမိ၏။ သူကတော့ ဟုတ်နေပြီ ဆိုတဲ့ သဘောနှင့် နှစ်ယောက်လုံး ခေါင်းတညိတ်ညိတ် ရယ်နေကြသည်။

"လျှောက်မပြောနဲ့ဟျောင့်....ငါနဲ့ ကိုကို က ဘာမှမဖြစ်ဘူး''

"ယုံချင်စရာကောင်းအောင် ပြောပါ သားရီးရယ်....
မင်းနဲ့ ငယ်ငယ်လေးထဲက ပေါင်းလာတာပါ....မင်းအကြောင်း ငါမသိဘူးဆိုတာ နတ်သိကြားတောင်ယုံမှာ မဟုတ်ဘူး....ဆိုတော့ မင်းက Bottom လား ''

YiBo ဖန်ရှင်းလက်မောင်းကို ဖြန်းခနဲ ရိုက်ချလိုက်သည်။ သူကတော့ တဟားဟားရယ်ကာ ငါပြောတာမှန်တယ်မလားဆိုတဲ့ အထာနှင့် မေးငေါ့ပြောလေသည်။ အနီးရှိ ကျိရန်ကတော့ ကြိတ်ရယ်နေကာ...

"ဘောကောင်...ချီးပဲ.... ငါအတန်းတက်တော့မယ်''

ပြောပြီး ထထွက်သွားသောရိပေါ်...။

Ko Ko's Lovely Chap [✓✓Complete ✓✓]Where stories live. Discover now