အပိုင်း၁၆

11.1K 702 8
                                    

Zawgyi


အပိုင်း ၁၆


ပတ္တမြားရောင် နေမင်းကြီး ပေါ်ထွက်လာသော နံနက်ခင်းလေး.... ချစ်ရသူရဲ့ ရင်ခွင်ကျယ်ကြီးထဲကနေ နိုးထလာရသော နံနက်ခင်းတိုင်းဟာ အရာအားလုံးထက် ပို၍ပင် တောက်ပနေတယ်.....။ ဒီနေ့ မနက်လေးမှာ ရိပေါ် တစ်ယောက် အစောကြီးနိုးနေတာကြောင့်ပင်.... မနေ့က အစောကြီးအိပ်ထားသောကြောင့် ဒီနေ့လေးမှာ စောစော နိုင်နေလေ၏။ သူဘေးမှာ အိပ်မောကျနေသော လူသားလေးရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ကာ ပါးလေးတွေ မို့တက်သွားအောင်ထိပင် ပြုံးလိုက်ရသည်။ မထူမပါး မျက်ခုံးမွှေး ၊ မျက်တောင့်ကော့ကော့လေး...  နှာတံ ဆင်းဆင်းလေး..  ဘာမှ လိမ်းခြယ်မထားပဲ သဘာဝ အတိုင်း ပန်းနုရောင် နှုတ်ခမ်းပါးလေး.... လေးထောင့်မကျတကျ မျက်နှာ ယောက်ျား ပီသသော သွင်ပြင်ကို ပိုင်ဆိုင်ထားသော ကိုကို....နှုတ်ခမ်းအောက်က မှည့်နက်လေးက ကိုကိုရဲ့ မူပိုင်ဆွဲဆောင်မှုတစ်ခုလိုပင်။
ရိပေါ် လက်ချောင်းနုနုလေးတွေနှင့် အိပ်ပျော်နေသော ရှောင်ကျန့် မျက်နှာက အစိတ်အပိုင်း တစ်ခုချင်းစီကို ထိတွေ့နေသည်။ အအိပ်ဆက်သော ကိုကိုက နိုးလာပြီး ပြုံးပြလိုက်တော့ တဒုတ်ဒုတ် ခုန်လာသော နှလုံးသားလေးက ထိန်းချုပ်မရနိုင်အောင်ပင်။

"နိုးတာကြာပြီလား babe"

"သိပ်မကြာသေးဘူး ကိုကို....နိုးရင် ထတော့လေ
ဈေးသွားရအောင်"

"အင်း.... morning kiss "

နှုတ်ခမ်းလေး ကို စူပြကာ mn kiss တောင်းနေသော ကိုကိုက တကယ် ကလေးလေးလိုပင်.... ။ ရိပေါ် ပြုံးလိုက်ကာ... ကိုကို ပါးလေးကို ပြွတ်ကနဲ နမ်းလိုက်လေသည်။ ဒါကို မကျေနပ်သော ကိုကိုက ကျတော် ကိုယ်လေးကို ဆွဲကာ သူရဲ့ နှုတ်ခမ်းလေး နှင့် လာရောက် ထိကပ်နေ၏။

®®®ရူးတော့မယ် ကလေးရယ်.... မင်းနဲ့ ထိတွေ့လိုက်တိုင်း ကိုယ်စိတ်က ထိန်းချုပ်မရအောင်ကိုပဲ.... ဦးနှောက်နဲ့ ခဏခဏ သတိပေးနေပေမဲ့ နှလုံးသား က လက်မခံဘူး...

"ကိုကို အွန့်... တော်တော့... ဈေးသွားရအောင်ပါဆိုမှ "

"Sorry.. ကိုကို စိတ်မထိန်းနိုင်ဘူး ဖြစ်သွားတယ် "

Ko Ko's Lovely Chap [✓✓Complete ✓✓]Where stories live. Discover now