အပိုင်း၆

15.1K 978 30
                                    

Zawgyi

"ကိုကို ညင်သာမှာပါ
မကြောက်နဲ့နော် ''

"အား...ကိုကို''

ရှောင်ကျန့် ရိပေါ် ကိုယ်လေးကို ကုတင်ပေါ် လှဲချပြီး
အပေါ်ကအုပ်မိုးကာ ချစ်ရသူရဲ့မျက်နှာလှလှလေးကို ငေးကြည့်နေသည်။ နှာတံသွယ်သွယ် မျက်ခုံးထူထူ မျက်ဝန်းလက်လက်လေး နှင်းဆီရောင်နှုတ်ခမ်းပါး လေးက သူရဲ့ စိတ်ကိုဆွဲဆောင်နေသည်။
စတော်ဘယ်ရီ ရောင်သမ်းနေသော မျက်နှာလေးက တစ်မျိုးလေး
လှပနေသည်။
ယောက်ျားလေးတန်မဲ့ ချစ်စရာကောင်းလွန်းသူသူ့၏ ချစ်သူလေးကို ပါးစပ်ထဲ သကြားလုံး ငုံသလို ငုံထားချင်မိသည်။

ရိပေါ်လေး အနေရခက်နေမိသည်။ ကိုကိုက သူကို ပြုံးပြီး စိုက်ကြည့်နေတာ ရင်ဘတ်ထဲက နှလုံးသားလေးကလည်း ပေါက်ကွဲမတတ် ခုန်နေသည်။ ဒီအခြေအနေကို ဘယ်လိုလုပ်ရပါ့မလဲ...

"ကလေး ရင်ခုန်သံတွေက ဗုန်းကြဲနေသလားမသိဘူးနော် တဒုန်းဒုန်း နဲ့ ''

"ဟာ...ကိုကိုဗျာ...''

ကိုကိုစကားကြောင့် နားရွက်ဖျားလေးတွေတောင် အနီရောင်သမ်းသွားသည်။ ဒီလူကြီး သိရဲ့သားနဲ့ တမင်ညစ်နေတာ
တွေးရင်း နှုတ်ခမ်းစူပြတော့.. ..

"အဲဗျာ...နှုတ်ခမ်းကစူလာပြန်ပြီ.....ကိုကိုစိတ်မထိန်းနိုင်ရင် ကလေးရဲ့ လူပျိုဘဝကို မင်္ဂလာဦးထိ မစောင့်ဘဲ အခုပဲ မင်္ဂလာဦး လိုက်ရမလား''

"ဟာ...ကိုကိုဗျာ....မတွေ့ရတဲ့အတောအတွင်း လက်ရဲဇက်ရဲ နိုင်လာပါ့လား....အေးပါ့လေ တွေ့သမျှ နာမည်ကြီး မင်းသမီးတွေနဲ့ နမ်းလာတာကို .....''

"ကလေးကလည်း..ကိုကိုက အလုပ်အရပါ
တကယ်နမ်းတာမဟုတ်ပါဘူး
ကိုကိုနမ်းတဲ့လူဆိုလို့ ဟောဒီက ကိုယ်ရဲ့ ချစ်ဆုံး အူပူကြူးလေး အသဲနှလုံးလေး ဝမ်ရိပေါ် ဆိုတဲ့ ကောင်လေးပါဗျ''

ရိပေါ် မေးဖျားလေးကို ကိုကိုင်ကာ ချစ်တဲ့အကြောင်းတွေပြောနေသော ယုန်ကြီး.....

"ကိုကို ဖယ်ဦးဗျ....ကိုကို ကိုယ်က ကျွန်တော်ပေါ်ဖိထားတာ လေးတယ်ဗျ....''

"ဖယ်မရဘူးလေ.....ကိုကို က ချစ်မလို့ပါဆို''

"ဘာ....မရဘူး ကိုကို
ဖယ်..ထဗျာ...''

Ko Ko's Lovely Chap [✓✓Complete ✓✓]Where stories live. Discover now