အပိုင္း၁၂

12.8K 762 26
                                    

Unicode

နံနက်ခင်းရဲ့ ကျေးငှက်လေးတွေ တီတီတာတာ အော်မြည်သံလေးက နံနက်ခင်းရဲ့ အလှတစ်မျိုးပင်။ ပတ္တမြား ရောင် နေမင်းကြီး ပေါ်ထွက်လာသော နံနက်ခင်း တွင် လူသားများရဲ့ တစ်နေ့တာ ရုန်းကန်မှုကို အထင်းသား မြင်နေရသော နံနက်ခင်း ဖြစ်သည်။

အဓိပ္ပါယ် မျိုးစုံနှင့် နံနက်ခင်းလေး...
ထိုနံနက်ခင်းမှာ သိပ်ချစ်ကြတဲ့ ကောင်လေးနှစ်ယောက်က အိပ်စက်နေတုန်း ဖြစ်သည်။

ဖုန်းမြည်သံကြောင့် ရှောင်ကျန့်နိုးလာသည်။

"Hello...''

"ရှောင်းကျန့်.....ငါပါ''

"Yang zi"

"ဟုတ်တယ် အခုမှထတာလား...အသံက လေးလံနေတာ''

"အင်း..ညက ညနက်မှ အိပ်ပျော်သွားတာ''

"ဒီလောက် ညနက်အောင် ဘာလုပ်နေတာလဲ "

"ဒီလိုပါပဲဟာ...ပြောစရာရှိလို့လား ပြောလေ"

"နင်ကလည်း ပြောစရာ ရှိတာပေါ့...မနေ့ကပြောထားတာ မမေ့ဖူးမလား"

"အာ...ညစာဖိတ်တာပြောတာလား"

"အင်းလေ နင်မငြင်းနဲ့နော် dadက နင့်ကို တွေ့ချင်နေတာ..."

"အေးပါဟာ လာမှာပေါ့
ကိုယ့် ဆရာဆီပဲ လာရမှာပေါ့"

"အေးပါ ၊ ဒါပြောချင်လို့ ဆက်လိုက်တာ...ဒါပဲနော်"

"အင်း... bye"

တီခနဲ ဖုန်းလေးချသွားမှ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ဘေးက ကောင်လေးကတော့ အိပ်နေတုန်း။ အဖြူရောင် နှင်းလုံးလေးလို ကောင်လေးကို တစိမ့်စိမ့် ကြည့်ရင်းရင်ထဲမှာ သိမ်းထားမတတ် မြတ်နိုးတယ် ကလေးငယ်။

ရှောင်းကျန့် ရိပေါ် နဖူးလေးကို နမ်းကာ အိပ်ရာထက်မှာ ဆင်းလိုက်သည်။ ရိပေါ်ကတော့ နိုးမလာသေးပေ။
ရှောင်ကျန့် ရေချိုး ပြင်ဆင်ပြီးလျှင် ကလေးငယ် နိုးလာရင် စားဖို့ဆိုပြီး အောက်ထပ်ဆင်းကာ အစားအသောက် ပြင်ဆင်နေလိုက်၏။

တင်းတောင်....တင်းတောင်

လူခေါ်ဘဲလ်ကြောင့် တံခါးဖွင့်ပေးလိုက်တော့မြင်လိုက်ရတာ ရိပေါ် သူငယ်ချင်းနှစ်ယောက်။

Ko Ko's Lovely Chap [✓✓Complete ✓✓]Unde poveștirile trăiesc. Descoperă acum