အပိုင်း၅

15.3K 1K 25
                                    

Zawgyi

ရှောင်ကျန့် တရုတ်နိုင်ငံတွင် အောင်မြင်ကျော်ကြားနေသော မျိုးဆက်သစ်လူငယ်....ရုပ်ရည်ရူပ ပညာအရည်အချင်း body အချိုးအစား
ဘာတစ်ခုမှလိုလေသေးမရှိ ပြည့်စုံသူ......သရုပ်ဆောင်လောကကို ပထမဆုံးခြေချခဲ့တာ အသက်၁၈နှစ်...ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာ စီနီယာ တွေထက် ပိုမိုတောက်ပလင်းလက်နေသော စင်မြင့်ထက်မှ ကြယ်တစ်ပွင့်.....အခုဆို အသက်က၂၆
အနုပညာလမ်းကြောင်းမှာရပ်တည်ခဲ့သည်။၆နှစ်အတွင်း အဆိုအက သရုပ်ဆောင်အကုန်လုံး perfect ,ယောက်ျားပီသသော မျက်နှာပိုင်ရှင် ရယ်လိုက်တိုင်း ပါးချိုင့်လေးနဲ့
နှာတံဆင်းဆင်း... မဟူရာမျက်ခုံး..ကကြီးပုံ နှုတ်ခမ်းပါးလေးက ဆွဲဆောင်မှု တစ်မျိုး။
ထို့ပြင် နှုတ်ခမ်းအောက်က မှဲ့လေးက သူရဲ့ လက်နက်တမျိုး၊ ပရိတ်သတ် တွေရဲ့ အသည်းကျော် မင်းသား အာရှတစ်လွှားထိ အောင်မြင်ကျော်ကြားနေသော လူသားလေးရှောင်ကျန့်...

"ရှောင်ကျန့်... ''

"ဗျာ မား''

"သားငယ်လေး ရိပေါ် ဆီသွားလိုက်ဦးလေကွယ်
ငယ်လေးက သားကိုမျှော်နေတာကွဲ့
ဒီရက်ပိုင်း သားအားတယ်မလား
သွားတွေ့လိုက်ဦး သားညီလေးကို''

ရှောင်မားက သွားတွေ့ဖို့ လှုံဆော်နေပြီလေ။
ဟုတ်ပါသည်။
ရှောင်ကျန့် ရိုက်ကူးရေးတွေကြောင့် ဝမ်ပေါက်စနှင့် မတွေ့ရသည်မှာ အတော်ကြာနေပြီဖြစ်သည်။

*မားမပြောလည်း သားက သွားတွေ့မှာပါ။
မတွေ့ရတဲ့ အတောအတွင်း ခွေးပေါက်လေး ဝလား ပိန်လား။
အစားရောစားရဲ့လား။နေကောင်းလား။
မနမ်းရတာကြာပြီဖြစ်တဲ့ ချိုချဉ်လုံးလေးကို စုပ်ရဦးမယ်*

ရှောင်ကျန့်စိတ်ထဲတွေးပြီး သူရဲ့ အသဲတုံးလေး ရိပေါ်ဆီ သွားလေသည်။

''ဟင်း.. ကိုကိုနဲ့ မတွေ့တာ အတော်ကြာပြီ
ကိုကို ငါကို သတိရရဲ့လား မသိဘူး...
ကိုကိုက ငါ့ကို သတိရနေမှာပါ
ငါလို ချစ်စရာကောင်းတဲ့ သူမျိုး လောကမှာ မရှိ ဘူးလေ ၊၊
ကိုကို ဘာလို့ ငါကို လာမတွေ့တာလဲမသိဘူး''

အမွေးပွ ယုန်ရုပ်ကြီးကို ကိုင်ကာ တစ်ယောက်ထဲတီးတိုးပြောနေသည်။ မျက်နှာလေးကလည်း ရေမထိရသေးတဲ့ ပန်းလေးလို ညှိုးနွမ်းလျက်...

Ko Ko's Lovely Chap [✓✓Complete ✓✓]Where stories live. Discover now