အပိုင်း၇

15K 965 29
                                    


Zawgyi

"မား''

"ဟယ် သားရှောင်ကျန့်... စောစောစီးစီး ပါလား''

"ဟုတ်တယ် မား
ကျတော် ကလေးကို လာခေါ်တာ
ကျောင်းသွားရမယ်မလား''

"အေးကွယ်..သားညီလေးက အပေါ်မှာ အိပ်တုန်းပဲ''

"ဟုတ် ဒါဆို ကျတော် ကလေးဆီသွားဦးမယ်''

"အေး....အေး''

ရှောင်ကျန့် ရိပေါ် အခန်းလေးထဲဝင်လာတော့ ကိုယ်တော်ချောက စောင်ပုံထဲမှာအိပ်တုန်း....လူနှစ်ယောက်စာ ကျယ်တဲ့ ကုတင်ကြီးပေါ်က ရိပေါ်ကိုယ်လေးက သေးသေးသွယ်သွယ်လေး
ညအိပ်အဖြူရောင်ခေါင်းစွပ် ဝမ်းဆက်ကြီး ဝတ်ဆက်ကာ စောင်ပုံထဲကွေးနေသော သူချစ်ရသည့် အနှီလူသားလေး
ရှောင်ကျန် ကုတင်စွန်းမှာ ထိုင်ကာ ရိပေါ် မျက်နှာ လေးကိုကိုင်ကာ

"ကလေး ထတော့လေကွာ
ကျောင်းသွားရဦးမယ်မလား''

အအိပ်ဆက်သော ကောင်လေးက နိုးလာကာ မျက်လုံးလေးဖွင့်ကြည့်ပြီး ပြန်မှိတ်ကာ....

"အင့်....ကိုကို ခဏလောက်ပြန်အိပ်ပါရစေ''

"ကလေး မထဘူးလား ထမှာလား
မဟုတ်ရင် ကိုကို အဆိုး မဆိုနဲ့နော်''

"ဒီနေ့အတန်းမှမရှိတာ မထချင်ပါဘူး''

"ဟုတ်လား.....အတန်းမရှိဘူးဆိုတော့ ကိုကို shooting လိုက်ခဲ့ပါ့လား''

"Shooting လား.....''

Shootingလို့ပြောလိုက်တာနဲ့ ထထိုင်ကာ သူကို မျက်လုံးလေး ကလယ်ကလယ်နှင့် ကြည့်နေလေသည်။ ရှောင်ကျန့် စိတ်ကို မြူစွယ်နေသော ဝမ်မုန်လာဥ။

"ကျတော်လိုက်ရလား''

"ရတာပေါ့.... ကလေးက ကိုကို အတွက် အထူး VIP
ကလေးစိတ်ကြိုက် ကိုကို​ က ဝန်ဆောင်မှု ပေးမှာပါ''

ရှောင်ကျန့် စကားကြောင့် မျက်လုံး တွေမှေးစင်းသွားအောင်ရယ်ပြလေသည်။ ရှောင်ကျန့် အသဲယားလာကာ ပါးလေးကို လက်နှစ်ဖက်ကိုင်ပြီး စူထွက်လာသော နှုတ်ခမ်းပါးလေးကို နမ်းရိုက်လိုက်တယ်။
ရိပေါ် မျက်လုံးလေးပြူးသွားလျက်...ကိုကိုကို တွန်းကာ...

"ကျတော် မျက်နှာမသစ်ရသေးဘူးတဲ့....''

ပါးစပ်ကို လက်လေးနှင့်အုပ်ကာ ရေချိုးခန်းထဲ ပြေးဝင်သွားသော ဝမ်ပေါက်စ.......ရှောင်ကျန့် ကတော့ ကုတင်မှာ ငုတ်တုတ်....
ချိုတယ်....အရောင်းတွေဆိုးထားခြင်း မရှိဘဲ သဘာဝအတိုင်း နီရဲနေသော နှုတ်ခါးပါးလေး...။

Ko Ko's Lovely Chap [✓✓Complete ✓✓]Where stories live. Discover now