အပိုင္း၁၀

16.6K 848 28
                                    

Unicode

YiBo အိပ်ရာကနိုးတော့ 11နာရီပင် ရှိလေပြီ။ ထမည်လုပ်တော့ တင်ပါးလေးရဲ့ နာကျင်မှုကြောင့် ငိုချင်လာသည်။ အိပ်ရာပေါ်မှာပဲ ပြန်လှဲကာ.....ဘေးဘက်လည် မျက်စိကစားနေတော့...သူ့ကိုကို ကို မတွေ့....

"ဟင်..ကိုကို ဘယ်ရောက်သွားလဲ
နှိပ်စက်တုန်းကနှိပ်စက်ပြီး လာလည်းမချော့ဘူး..လူဆိုးလူညစ်ကြီး...အဟင့်...ဟင့်....''

XiaoZhan လည်း ဝက်ပုပ်လေး နိုးရင် စားဖို့ဆိုပြီး စားစရာ သွားယူနေပြီး...ပြန်လာတော့ ခွေးပေါက်လေး က တရှုံရှုံနဲ့ ငိုနေလျက်။ XiaoZhan လည်း စိတ်ပူကာ YiBo နားပြေးသွားပြီး ကုတင်စွန်းမှာ ထိုင်ရင်း မျက်နှာလေးကို လက်ဖဝါးနုနုလေးနှင်ကိုင်လိုက်သည်။

"ဘာလို့ငိုနေတာလဲ ကလေးရယ်....မငိုနဲ့တော့နော်၊
ကြည့်ပါဦး ... နှပ်ချေးတွေရော ထွက်နေပြီ...နှာတံလည်း ရဲနေပြီ...ဟားဟား... ''

"ဘာရယ်တာလဲ.....စိတ်ဆိုးနေတာကို မချော့ဘဲ ရယ်နေတယ်။
အီး...ဟီး....လူဆိုးကြီး  ...သွား....သူများကို အနိုင်ကျင့်နေတယ်....''

"အဟက်....ကလေးစကားအတိုင်း ကိုကို လုပ်ရမလား
ကိုကို​ ဘယ်လောက်ဆိုးလဲ သိရအောင် လက်တွေ့လုပ်ပြရမလား
အဟင်း .. .''

လူယုတ်မာအပြုံးကြီးနှင့် ကိုကို ပုံစံကြောင့် ရိပေါ်  မျက်လုံးလေး ပြူးကာ သူစကားနှင့်သူ တိုင်ပတ်သွားရသည်။

ကိုကိုက  ရိပေါ်ကိုယ်လေးပေါ် အုပ်မိုးကာ ရီဝေဝေကြည့်လာသည်။ ရင်ခွင်ထဲက ဝမ်ပုစိလေးကတော့ မျက်နှာ လေးရဲတော့ သူ မချင့်မရဲ ဖြစ်သွားရလေသည်။ အနူးညံဆုံးအသံလေးနဲ့ ...

"ကလေး.....ကိုကို ကို စိတ်မဆိုးပါနဲ့ ကိုကို ကလေးကို အရမ်းချစ်တာသိတယ်မလား......ကိုကို ဘဝမှာ ကလေးက အရာအားလုံးထက် No.1ဆိုတာ သိတယ်မဟုတ်လား ''

"ဟင်.....မားနဲ့ပါးက ကိုကို No.1မဟုတ်ဘူးလား။ ကလေးက တစ်ဆို
မာတာပိတု မိဘနှစ်ပါးကရော No. ဘယ်လောက်လဲ''

XiaoZhan အကြံအိုက်သွား၏။ အမြဲတမ်း အရိပ်တကြည့်ကြည့် အသဲတယားယားနှင့် နှစ်ပေါင်းများစွာ စောင့်ကြည့်လာတဲ့ ကလေးက အထာမပေါက်။ ဒီတသက် စားရဖို့ ကံပါပါ့မလား။

Ko Ko's Lovely Chap [✓✓Complete ✓✓]Where stories live. Discover now