အပိုင္း၁၉

10.7K 685 18
                                    

Unicode

အပိုင်း၁၉

Hospital VIP

VIP ခန်းထဲမှာ ငြိမ်သက်စွာ လဲလှောင်းနေသော ကျတော် ချစ်ရတဲ့ ကလေးလေး.....
သားလေး နှစ်ယောက်က သူ ပါးပါး ဆီ သွားပြီး လက်ချောင်းနုနုလေးကို ဖွဖွကိုင်ကာ

"နိုးလာတော့နော် ပါးပါး.... ပါးပါး အိပ်နေတာ အကြာကြီးပဲ.... သား ပါးပါး နဲ့အတူ လျေဖျာက်လည် ချင်တယ် သိလား.... မြန်မြန် နိုးလာတော့နော် အဟင့် ဟီး အီး.."

"ညီလေး မငိုရဘူးလေ... ညီလေးငိုရင် ပါးပါး ဘယ်စိတ်ကောင်းပါ့မလဲ.... ပါးပါးက နတ်သားလေးမို့ အချိန်အကြာကြီး အိပ်ပျော်နေတာ"

"သားလည်း နတ်သား ဖြစ်ချင်တယ်"

"ဖြစ်မှာပေါ့ ညီလေးရဲ့... "

XZ သားကြီး၏ စကားကြောင့် ရယ်ရမလို ငိုရမလိုနှင့်... သားကြီးက သားငယ်ကို အတော် ဂရုစိုက်သူပါ... သားလေးနှစ်ယောက်က နှုတ်ခမ်းအောက်က မှည့်လေးက ကျတော်နှင့် တူတယ်
ကျတော် သိတာပေါ့... ရိပေါ် ကျတော် အပေါ် ဘယ်လောက် ချစ်လဲ ဆိုတာ သားလေး နှစ်ယောက် သက်သေပါပဲ.... ရိပေါ် လက်ချောင်းသွယ်သွယ်လေးက လှုပ်ရှားလာတော့ ရှောင်ရိ က လှမ်းအော်လေသည်။

"Daddy ပါးပါး လက်လှုပ်လာပြီ"

သားကြီး၏ စကားကြောင့် ကျတော် ရိပေါ်ကို သေချာကြည့်လိုက်တော့ လက်ငါးချောင်းလုံးက လှုပ်ရှားလေသည်။ တဖြည်းဖြည်း မျက်လုံးလေးတွေ ပွင့်လာသည် ။ နှုတ်မှ ကိုကို ဟုသော အသံလေးက ကျတော် နှလုံးသား လေး ၅နှစ်ကြာမှ ပြန်လည် ရှင်သန်လာ သလိုမျိုး

"ကေလး.. သတိရပြီလား"

"ကိုကို.... ကျတော် ရေဆာတယ်"

ရိပေါ်အတွက် ရေခွက်လေးကိုင်ကာ ထမည့် လုပ်သော ရိပေါ်ကို ကျတော် ဖေးမကူပြီး ရေတိုက်ပေးလိုက်သည်။ သားနှစ်ယောက်ကတော့ သူပါးပါးရဲ့ မျက်နှာချောချော ကို ငေးမော ကြည့်နေလျက်.... ကေလးက ကျတော်ကို တစ်လှည့် သားနှစ်ယောက်ကို တစ်လှည့် ကြည့်ကာ နားမလည် သလိုပင်။

"ပါးပါး ပါးပါး နိုးလာပြီ...
တော်သေးတာပေါ့... သားသား ဘယ်လောက် စိတ်ပူနေရလဲ"

Ko Ko's Lovely Chap [✓✓Complete ✓✓]Kde žijí příběhy. Začni objevovat