1. Park Seung, Their Town

28K 1K 25
                                    

This is a lgbt-themed story. If you're homophobic, please go away.

English version is currently unavailable.

~*~*~*~*~*~*~*~*~

1. Park Seung, Their Town

"ဝုန်း..."

ဘေးနံရံကို တစ်​ခုခုရိုက်​ခတ်​မိသံ​ကြောင့်​ Moonlight Werewolf pack ၏ Alpha တဖြစ်​လဲ Kris တစ်​​ယောက်​ အိပ်​​နေရာမှ မျက်​လုံးဖွင့်​ကာထထိုင်​လိုက်​မိသည်​။ အသံလာရာအရဆိုလျှင်​ Kai နှင့်​ KyungSoo တို့အခန်းကဆိုတာ​တော့ ​သေချာသည်​။

Kris ​အိပ်​ရာမှထကာ အခန်းပြင်​ထွက်​၍ သူတို့နှစ်​​ယောက်​မျှသုံးသည့် အခန်း၏​​တံခါးကို ဖွင့်​လိုက်​​တော့ KyungSoo က ကြမ်းပြင်​​ပေါ်မှာ ပက်လက်​ဖြစ်​​နေကာ Kai က ​တော့ ကုတင်​​ပေါ်က​နေ KyungSoo ကိုကြည့်​ရင်း ခွက်​ထိုးခွက်​လှန်​ရယ်​​နေသည်​။ ၁၈ နှစ်​သား​လေး​တွေ၏ မျက်​နှာပဲရှိ​သော နှစ်​​ယောက်​၏ ကစား​နေပုံကိုကြည့်​ရင်း Kris စိတ်​ထဲပြုံးမိသွားသည်​။ မျက်​နှာက​တော့ မပြုံးမရယ်​တတ်​သလိုမျိုး ​အေးစက်​​နေတုန်း။

KyungSoo က Alpha ဖြစ်​​သော Kris ကိုကြည့်​သည်​။ Kris ပါးစပ်​က​နေ ဘာစကားမှမ​ထွက်​လာတာ ​သေချာမှ KyungSoo တစ်​​ယောက်​ ​မြေ​ပေါ်က​နေကုတင်​​ပေါ်ကို ခုန်​တက်​ပြီး Kai လက်​ကို ကိုက်​​သည်​။ Kai က ​အော်​ကာ ပြန်​တွန်းသည်​။ အချင်းချင်း လုံး​​ထွေးကစား​နေတာကိုကြည့်​ရင်း Kris တံခါးကိုပြန်​ဆွဲပိတ်​လိုက်​သည်​။

Luhan က အိမ်​​ရှေ့တွင်​ထိုင်​လျက်​ရှိရာမှ Kris ကိုမြင်​​တော့ ​ခေါင်း​ဆောင်ဖြစ်သူ​ကို အ​လေးပြုသည့်​အ​နေဖြင့်​ နည်းနည်းဦးညွှတ်​ပြီးမှ TV ကိုဆက်​ကြည့်​​နေသည်​။

Luhan က Moonlight ဆို​သော သမန်းဝံပု​လွေအဖွဲ့၏ Beta, တစ်​နည်း​ပြောရလျှင်​ Kris ပြီးလျှင်​ အာဏာအရှိဆုံးဖြစ်​သည့်​ ဒုတိယ​ခေါင်း​ဆောင်​။ Moonlight အဖွဲ့သည်​ယခင်​က​တော့ ရှစ်​​ယောက်​ရှိခဲ့သည်​။ အခု​တော့ လွန်​ခဲ့​သောနှစ်​​တွေဆီက Kris ၏အစ်​ကိုညံ့ဖျင်းမှု​ကြောင့်​ Kris ၏ အစ်​ကိုရင်း Kale အပါအဝင်​ အဖွဲ့ဝင်​​ပေါင်း ​လေး​ယောက်​​သေခဲ့ရကာ သူတို့လေး​ယောက်​ပဲကျန်​​တော့သည်​။

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Where stories live. Discover now