Part-17( ဗြောင်ဂျီအွန်း)

Start from the beginning
                                    

တစ်နေ့တော့ညဘက်ကြီးသူ့အိမ်အပြန်လမ်းရှိလမ်းကြားလေးတစ်ခုမှတစ်ယောက်ယောက်၏နာကျင်စွာညည်းညူနေသံကိုကြားခဲ့သည်။အမှောင်ဖုံးနေသောကြောင့်သေချာမမြင်ရသော်လည်းအကူညီပေးဖို့အနားတိုးသွားမိသည်။သူမြင်လိုက်ရတာကအမှိုက်ပုံဘေးတွေဒဏ်ရာဒဏ်ချက်များနှင့်လဲနေတဲ့ရှင်မြောင်ဟွန်း

ဂျီအွန်းတစ်ယောက်ကျောင်းသားရှင်မြောင်ဟွန်းရဲ့ကိုယ်ကိုတွဲပြီးTaxiဖြင့်အနီးဆုံးဆေးပေးခန်းကိုသွားခဲ့သည်။အတွင်းကလီစာတွေကိုထိခိုက်မှုမရှိပေမယ့်ပြင်ပဒဏ်ရာတွေများတာကြောင့်ဆရာဝန်ကဆေးရုံမှာတစ်ရက်နေခိုင်းခဲ့သည်။

"ဘာလို့ကျွန်တော့်ကိုကယ်တာလဲ"

ထိုကောင်လေးမေးတဲ့မေးခွန်းကိုသူဘယ်လိုဖြေရမှန်းမသိ...

ရှင်မြောင်ဟွန်းရဲ့မိဘတွေကိုဖုန်းဆက်ခဲ့သော်လည်းတစ်ယောက်မှရောက်မလာခဲ့သောကြောင့်ဂျီအွန်းကစောင့်အိပ်ပေးခဲ့သည်။နောက်နေ့မနက်တွင်တော့မိသားစုရှေ့နေဆိုတဲ့လူကရှင်မြောင်ဟွန်းကိုအိမ်ပြန်ခေါ်သွားခဲ့သည်။

ထိုအဖြစ်အပျက်ပြီးနောက်ရှင်မြောင်ဟွန်းနှင့်သူအတန်ငယ်ရင်းနှီးလာခဲ့သည်။ရှင်မြောင်ဟွန်းကကွာရှင်းပြတ်စဲခဲ့သည့်မိဘတွေကြားမှာမြေစာပင်ဖြစ်ပြီးစိတ်ဒဏ်ရာရခဲ့သည်ထင်ပါရဲ့။ဖခင်ဖြစ်သူနှင့်အတူနေသည့်ရှင်မြောင်ဟွန်းမှာအလုပ်ထဲတွင်သာစိတ်နှစ်ထားတတ်သည့်ဖခင်၏attentionကိုရရန်ဆိုးမိုက်ပြနေသည့်ကောင်လေးသာဖြစ်သည်။သို့သော်သူတွေးထားသလိုမဖြစ်လာဘဲသူပြဿနာတတ်တိုင်းမိသားစုရှေ့နေကသာဖြေရှင်းဖို့ရောက်လာတတ်သည်။

နောက်ပိုင်းတွင်ဂျီအွန်းဘယ်သွားသွားနောက်ကနေတစ်ယောက်ယောက်လိုက်နေသလိုခံစားရတယ်။အစကတော့မကောင်းတဲ့လူဖြစ်မယ်ထင်ပြီးသူ့အကိုကိုပြောပြခဲ့ပေမယ့်နောက်ပိုင်းမှာတော့ထိုကောင်လေးဖြစ်နေမှန်းသိလိုက်ရတယ်။

ထို့ကြောင့်မြောင်ဟွန်းကိုအပြင်မှာချိန်းပြီးမျက်နှာချင်းဆိုင်မေးရန်ဆုံးဖြတ်ခဲ့တယ်။
ထိုနေ့တွင်ကောင်လေးကသူ့ကိုNoonaလို့ခေါ်ပြီးခံစားချက်တွေကိုဖွင့်ဟလာခဲ့သည်။ထိုအခါမှပထမဆုံးအကြိမ်သူမှားပြီဟုခံစားခဲ့ရသည်။မေတ္တာငတ်နေတဲ့ကလေးတစ်ယောက်ကသူ့ကိုဂရုစိုက်ပေးတဲ့သူကိုတွယ်တာတတ်ကြတယ်ဆိုတဲ့အချက်ကိုသူမေ့သွားခဲ့တယ်။ရှင်မြောင်ဟွန်းလိုအပ်နေတဲ့မေတ္တာဆိုတဲ့ကွက်လပ်ကိုဖြည့်ပေးချင်ဇောအားကြီးပြီးသင့်တော်၏မသင့်တော်၏မစဥ်းစားဘဲလုပ်မိသည့်ဂရုစိုက်မှုတွေကကောင်လေးရဲ့စိတ်ကိုသူ့အပေါ်တဖြည်းဖြည်း
ယိုင်လာအောင်လုပ်မိသလိုဖြစ်သွားခဲ့သည်။

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now