အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)

Start from the beginning
                                    

"အင်း.....ဒါလေးတွေကို မြို့တော်ထိပါ သယ်သွားကြရအောင် ။လျိုမျိုးရိုးပျက်စီးသွားပြီဆိုတော့ လျိုတာ့ကျုံ့က သူနဲ့ဘာမှမဆိုင်ပေမယ့် ခုချိန်မှာ အရမ်းထိတ်လန့်တုန်လှုပ်နေလောက်ပြီ။ သူ့စိုးရိမ်စိတ်တွေ ပြေလိုပြေငြား လက်ဆောင်ပါးဖို့ ယူသွားရအောင်"

"အမိန့်တော်မြတ်အတိုင်းပါ။ ကျွန်တော်မျိုး စီစဥ်လိုက်ပါ့မယ် အရှင်"

ချူယွမ်က လက်ချောင်းများကို ပု၀ါနှင့်အသာသုတ်လိုက်ကာ -

"အခုဆိုရင် မြို့တော်မှာ အတော်လေး အေးချမ်းသာယာ နေကောင်းရဲ့။ တျဲန့်ရှီစာမေးပွဲနဲ့ အချိန်ကိုက်ပဲ။ ဘယ်သူကများ ညီလာခံထဲက လစ်လပ်နေတဲ့ရာထူးနဲ့ သင့်လျော်လောက်တဲ့အထိ အရည်အချင်း
ပြည့်၀နေမလဲ"

(တျဲန့်ရှီစာမေးပွဲ= မင်းမှုထမ်း၀င်ခွင့်စာမေးပွဲ)

ရှစ်ဇီက ချူယွမ်ပခုံးကို သေချာ နှိပ်နယ်ပေးလာပြီး ဆို၏။

"စိုးရိမ်သောကဖြစ်တော်မမူပါနဲ့ အရှင်မင်းမြတ်။ တာ့ချူက အင်မတန်မှ ကျယ်၀န်း၀ပြောတာမို့ အရည်အချင်းရှိတဲ့လူ တွေ သေချာပေါက် ပေါ်ထွန်းလာမှာပါဘုရား"

ချူယွမ်လည်း ဟုတ်မှန်ကြောင်း ခေါင်းညိတ်ထောက်ခံ၏။ထို့နောက်မှ တစ်စုံတစ်ခုကို အမှတ်ရသွားသည့်နှယ် ၊ သို့သော် အရေးမထားသည့် လေသံအေးအေးဖြင့် မိန့်လာ၏။

"ဟို ....မေဟွားပင် -"

"အပယ်ခံနန်းမှာပါ ဘုရား၊အပယ်ခံနန်းမှာပါ"

( အပယ်ခံနန်း/ အအေးနန်းဆောင် ဆိုတာ စွန့်ပစ်ခံရတဲ့ ၊ မြှောက်စားခြင်းမခံရတော့တဲ့ ဘုရင့်မိဖုရားတွေ ဒါမှမဟုတ် ခွင့်မလွှတ်နိုင်လောက်တဲ့အပြစ်မျိုး ကျူးလွန်ထားတဲ့ မိဖုရားတွေကိုအကျယ်ချုပ်သဘောထားတဲ့ နန်းဆောင်ပါ။ Cold Palaceလို့ ခေါ်ကြတဲ့နေရာပါ။)

တူးမပစ်ရကြောင်းပါ၊

လုံး၀ တူးမပစ်ဝံ့ကြောင်းပါဘုရား။

"သြော်......"

ထို့နောက် ရှစ်ဇီလည်း အမြန်တပ်သားတစ်ဦးကို ချက်ချင်းဆင့်ခေါ်ကာ မြို့တော်သို့ အမြန်ပြန်သွားရန်၊ ဧကရာဇ်အရှင် ပြန်မရောက်ခင်အမီ ထိုမေဟွားပင်အား နေရာဟောင်းသို့ အကျအန ပြန်လည်စိုက်ထားရန် စေခိုင်းလိုက်သည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now