Part 12 (Epilogue)

816 58 4
                                    

Unicode

မြူနှင်း သတိဝင်လာသောအချိန်တွင် ကုတင်ပေါ်ရောက်နေသည်။ သူမ မူးလဲသွားသည်လား အိပ်ပျော်သွားသည်လား မမှတ်မိတော့။ ဆုမွန်ရောက်လာသည်အထိပဲ မှတ်မိတော့သည်။ ဆုမွန်နောက်မှ လိုက်ဝင်လာသူက သန့်စင်။

"မြူနှင်း နိုးလာပြီလား"

သူမလက်ကိုဆုပ်ကိုင်ကာ မေးလာသူက ဆုမွန်။
အခန်းထဲတွင် မြူနှင်းနှင့်ဆုမွန် နှစ်ဦးတည်းသာရှိသည်။

"နင်အဆင်ပြေရဲ့လား၊ သက်သာရဲ့လား၊ ဘာစားချင်လဲဟင်"

မြူနှင်း သည် ဆုမွန်ကို တွေတွေကြီးစိုက်ကြည့်
နေသည်။

"ငါအကုန်ရှင်းပြမယ်နော် သူငယ်ချင်း ၊ ငါ ဟိုတနေ့ကနင့်ကို​ပြောလိုက်မိတာကို ငါတောင်းပန်ပါတယ် ၊ နင်က လာစွပ်စွဲနေလို့ ငါတမင်ရွဲ့ပြီးပြောလိုက်တာ၊ ငါနင့်ကို ဘယ်လောက်ချစ်လဲ နင်သိပါတယ် သူငယ်ချင်းရယ်၊ နင့်ကို ပြောလိုက်မိတဲ့အတွက် ငါလုံးဝစိတ်မကောင်းဘူး သိလား"

ဆုမွန်ကဆက်၍-

"ဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့ ငါမထင်ထားဘူး။နင်အဲ့လောက်ထိ အထင်လွဲသွားလိမ့်မယ်လို့လည်း ငါမထင်မိဘူး"

"အဲ့ဒီတော့....နင်ပြောချင်တာက....ငါက အထင်
လွဲတာပေါ့၊နင်တို့မေဂျာကလူတွေနဲ့ ပြောနေတဲ့ဟာတွေကရော "

"မဟုတ်ဘူး မြူနှင်းရဲ့ မဟုတ်ဘူး၊ နင်ငါ့ကို ဘာလို့မယုံရတာလဲ၊ နင့်အချစ်ဆုံးသူငယ်ချင်းကို နင်ဒီလောက်တောင်မယုံဘူးလားဟင်၊ ငါသူ့ကိုမချစ်တော့ဘူးဆိုတာ နင်သိပါတယ် ၊ နင့်စိတ်ကလျှောက်ထင်နေတာ "

"နင်ငါ့ကိုပြောခဲ့တာတွေအများကြီးနော် ဆုမွန်၊ ငါ ဘုန်းဝေကို နင့်ဆီကလုယူသလိုတောင်နင်ပြောခဲ့တာ"

"ငါ့စိတ်ထဲကမပါပါဘူး အဲ့စကားတွေပြောမိတာလည်း နင့်ကိုရွဲ့ချင်ရုံပဲ၊ အဲ့အတွက် ငါတောင်းပန်တယ် "

"သြော်"

"အမှန်တော့ ငါက...သန့်စင်နဲ့ တွဲနေတာ"

မြူနှင်း အံ့သြ သွားသည်။တဆက်တည်းမှာပင် အားနာမိသွားသည်။ဒါကိုမသိခဲ့ပါပဲနှင့်အစက​နေ
အဆုံးထိ တဖက်သတ်တွေးခဲ့သူမှာ သူမသာ ​ဖြစ်သည်။ ကိုယ့်အချစ်ဆုံးသူငယ်ချင်းကိုတောင် သံသယဝင်ခဲ့မိသည်။ကိုယ့်ကောင်လေးအပေါ်လည်း သံသယဝင်ခဲ့မိသည်။ သူမတော်တော်ဆိုးပါလား။

Girl With Philophobia (Season 2)Where stories live. Discover now