Part 3 - I'm not OK

767 72 5
                                    

(Zawgyi)

"နင်အဆင်ပြေနေလား " ဟူသောအသံအဆုံးတွင် မြူနှင်း ရှိုက်လို်က်မိသည်။

သူ့အသံက သာမန်သူငယ်ချင်းတစ်ယောက်ကို
စကားပြောနေသလိုမျိုးပင်။ နည်းနည်းလေးတောင် ယိုင်သွားခြင်းမရှိ။
ဘုန်းဝေယျာညိမ်း ဆိုသည်မှာထိုကဲ့သို့သော
သွေးအေးသည့်လူမျိုးပင်။

အဆင်ပြေနေလားတဲ့။ ဟင့်အင်း...ကိုယ်အဆင်မပြေပါဘူးကွယ်။ မင်းနဲ့ဝေးရာမှာ ကိုယ် နည်းနည်းလေးမှအဆင်မပြေပါဘူး။ ကိုယ်ဘယ်လိုနေရမှန်းလည်းမသိတော့ပါဘူး။ ရူးသွားတော့မယ်ထင်ပါရဲ့။

အတားအဆီးမရှိ ပါးပြင်ပေါ်လိမ့်ဆင်းလာသော
နာကျင်မှု၏ သင်္ကေတများ။ ဘယ်လိုများလုပ်ရင်
အဆင်ပြေနိုင်မလဲဟင်။ မရည်ရွယ်ပဲ ဒဏ်ရာပေးမိသလိုဖြစ်ခဲ့တာကို ဘယ်လို ပြန်လည် ရှင်းပြရမလဲဟင်။

"အင်း ပြေပါတယ် "

မြူနှင်း အသံယိုင်သွားသည်ကို ကိုယ့်ကိုယ်ကို သိလိုက်သည်။ သူငိုနေတယ်ဆိုတာ ဘုန်းဝေများ သိသွားလေမလား။

နှစ်ဦးသားကြားလေထုမှာ တိတ်ဆိတ်သွားပြန်သည်။ ပြောစရာစကားတွေအများကြီးရှိနေသော်လည်း တကယ်တမ်းကျ တစ်ခွန်းမှ ထွက်ကျမလာခဲ့။
ခဏအကြာတွင်​ ဆက်သွယ်မှုပြတ်တောက်သွားပါတော့သည်။
ဘုန်းဝေ ဖုန်းချသွားပြီပဲ။ သူမ ဘာမှမပြောလိုက်ရပါ။ သူ့ကိုလည်း ဘာမှမမေးလိုက်ရပါ။

အရမ်းလွမ်းနေတာ။ နင့်ကိုချစ်မိနေပြီဆိုတာ တစ်နေ့ထက်တစ်နေ့ပိုပိုသေချာလာလို့။ နင့်ကို ငါနဲ့အဝေးရောက်သွားအောင် တွန်းပို့လိုက်တဲ့သူက ငါကိုယ်တိုင်ဖြစ်နေလို့ ငါ့ကိုယ်ငါလည်း မုန်းမိတယ်။ rs တစ်ခုကို မတည်ဆောက်ရဲတဲ့ ငါ့ကိုယ်ငါလည်းမုန်းမိတယ်။ဘုန်းဝေ နင်သိလား။
နောက်တခါထပ်ပြီး ထားသွားခံရမှာပဲဆိုတဲ့ စိတ်ကြောင့် ၊ ငါထပ်ချစ်ရမှာကြောက်နေမိတာ။

ခွဲခွာခြင်းကိုကြောက်နေမိတာ။
ဘဝထဲကိုဝင်လာပြီး သံယောဇဉ်တွယ်မိကာမှ
ပြန်ထွက်သွားမှာကိုကြောက်နေတာ။
ကိုယ်ဘယ်လိုလုပ်ရတော့မလဲကွယ်။

တဖက်တွင်လည်း ဖုန်းကိုကိုင်ကာ ဖုန်းထဲမှ မိန်းကလေးတစ်ယောက်ပြုံးနေသောပုံကို ကြည့်နေကာ ငိုနေသော ကောင်လေးတစ်ယောက်။
အဆင်ပြေနေတယ် ဆိုတော့လည်း ကောင်းပါတယ်လေ။ သူ့အတွက် စိတ်မပူရတော့ဘူးပေါ့။
ဒီလောက်အချိန်အကြာကြီးနေမှ ပြန်ဆက်သွယ်တာကို သူမဘက်က ဘာမျှပြောစရာမရှိဘူးတဲ့လား။ သူကရောဘာဖြစ်လို့ ပြောချင်တဲ့စကားတွေကို အကုန်မပြောခဲ့ရပါသလဲ။
ကိစ္စတွေက ဘယ်ကစပြီးဒီလောက်ထိဖြစ်သွားခဲ့ရတာလဲ။

Girl With Philophobia (Season 2)Where stories live. Discover now