Part 7 - I love you

993 94 4
                                    


Zawgyi

မြူ နှင်း အဆောင်သို့မည်သို့မည်ပုံပြန်ရောက်လာသည်မသိ။ လှေကားမှပြေးဆင်းလာပြီး
တစ်ယောက်ယောက်ကိုဝင်တိုက်ခဲ့ဟန်တူသည်။ထို့နောက် ဆုမွန်နှင့်တွေ့သည်။
အဆောင်ရောက်သည်အထိ စိတ်မငြိမ်နိုင်သေး။ သူမ အိပ်မက်မက်နေခဲ့တာလား။
တကယ်ဖြစ်သွားတာလား။ မူးပြီး လျှောက်မြင်နေခဲ့တာလား။

"ဟဲ့ နင်ဘာလို့မျက်နှာတွေအဲ့လောက်နီနေရတာလဲ"

ဆုမွန်အသံကြားမှ ရုတ်တရက်အသိပြန်ဝင်လာပြီး

" ငါဝိုင်တွေအများကြီးသောက်မိလို့နေမှာ" ဟုပြောပြီး ကုတင်ပေါ်လှဲချကာ စောင်ကိုခေါင်းမြီးခြုံလိုက်သည်။ မျက်နှာတွေ ပူထူနေသည်ကိုတော့သတိထားမိလိုက်၏။

...........................................................

ကျုံးဘေးတွင်လမ်းလျှောက်နေရင်း ဘေးရှိ သူ့ပုခုံးသာသာလောက်သာရှိသော ဂျပုမလေးကိုကြည့်ပြီးပြုံးမိသည်။ ဒီနေ့ပြန်မှာမို့ လိုက်ပို့ပါဆိုပြီး
အဆောင်ရှေ့ထိသွားပြီး အတင်းခေါ်လာခဲ့ရတာ။ ဒါတောင် မယ်မင်းကြီးမလေးက တွေ့ကတည်းက မျက်နှာတွေနီနေပြီး သူ့ကိုမကြည့်။
ဘေးချင်းယှဉ်လျှောက်နေရင်း မသိမသာလက်ကိုဆုပ်ကိုင်လိုက်တော့ သူမ မရုန်းပါ။
သို့သော် ဘာစကားမှမပြော။

"မြူ နှင်း "ဟုခေါ်လိုက်မှ ကျွန်တော့ကိုမော့ကြည့်လာသည်။ ရဲနေသောပါးလေးတွေက ကျူးကျော်မိချင်စရာလေး။ ထိုမိန်းကလေးကို ဘာလို့အဲ့လောက်များချစ်နေမိပါလိမ့်။

မြူ နှင်း ကိုကြည့်ပြီး ဘုန်းဝေပြုံးမိသည်။

" ငါပြန်ရတော့မယ်။ ငါနဲ့ခွဲရမှာ စိတ်မကောင်းမဖြစ်ဘူးလား "

"နင်ပဲ ငါနဲ့ဝေးအောင် ရွေးချယ်ခဲ့တာမဟုတ်ဘူးလား။ ငါကစိတ်မကောင်းဖြစ်စရာလား "

မြူ နှင်း အဖြေစကားကြောင့် ဘုန်းဝေ နင်သွားသည်။ သူက စကားကို ကန့်လန့်ပြောတတ်လာပါလား။

"နင်ပဲငါ့ကိုထားခဲ့တာ။ ငါဘယ်လိုခံစားရမလဲဆိုတာ မစဉ်းစားပဲနဲ့ နင်လုပ်ချင်ရာလုပ်သွားတာ "

ပြောရင်းငိုသံပါလာသောကြောင့် သူမကို ကြည့်မိတော့ မျက်ရည်ဝဲနေသည်။

Girl With Philophobia (Season 2)Where stories live. Discover now