(Unicode)
ဝေ့ဝဲကျလာသောသစ်ရွက်ခြောက်များကိုစိုက်ကြည့်နေမိရင်း လက်ထဲကစာအုပ်ကိုအာရုံမရောက်မိတော့။
စာကျက်မည်ဟုဆုံးဖြတ်ပြီးလာထိုင်နေသော်လည်း စာထဲအာရုံမရောက်ဘဲ နွေဦး၏ လေရူးနှင့်အတူ သူ့စိတ်တွေသည်လည်း ပျံ့လွင့်နေပါ၏။First semester စာမေးပွဲဖြေရတော့မည်ဖြစ်သဖြင့် private study ပေးထားသောကာလ။
အပူဒဏ်ကိုမခံနိုင်သော အအေးပိုင်းဒေသ တောင်ပေါ်သူလေး တစ်ယောက် မိုင်ပေါင်းများစွာအဝေးက အပူပိုင်းဒေသ မှာ နေနိုင်သွားပြီလား။
စာကျက်နေတဲ့အချိန်မှာ ယပ်ခတ်ပေးနေမယ့်သူရှိပါ့လား ဒါမှမဟုတ် ရှိနေပြီလား။”ငါစာတွေမရတော့ဘူးဟာ re ထိတော့မယ်ထင်တယ်”
"ငါစိတ်ညစ်လာပြီဟာ ရူးချင်လာပြီ စာမကျက်ချင်တော့ဘူး ”
လို့ပြောပြီး ငိုဖို့ရာ တိုးဝင်စရာရင်ခွင်ရော ရှိပါ့မလား၊ ရှိနေပြီလား။
သက်ဆိုင်ခဲ့သည်လားဆိုလျှင်တော့ မသက်ဆိုင်ခဲ့ပါ ဟုရိုးသားစွာ ဖြေရပါလိမ့်မည်။
တနည်းပြောရရင် တစ်ဖက်က သက်ဆိုင်ဖို့မဝံ့ရဲခဲ့သောကြောင့်။သက်ပြင်းချလိုက်ပြီး လက်ထဲကစာအုပ်ကိုသာ စိတ်မပါလက်မပါကြည့်လိုက်မိတော့သည်။
စာကျက်ရင်းအိပ်ပျော်သွားသည်မှာ အချိန်မည်မျှကြာသွားသည်မသိ။ နိုးလာချိန်တွင်တော့မျက်ရည်များဖြင့်စိုစွတ်လျက်။
မမက်ချင်သည့်အိပ်မက်ကိုထပ်မက်ပြန်ပြီပဲ။
ဒီလိုအိပ်မက်မျိုးမမက်ချင်ပါ။
အတိတ်အကြောင်းကို ဘာမှပြန်မမြင်ယောင်ချင်တော့။"မေမေ" ဟု ဘုန်းဝေ တိုးညင်းစွာရေရွတ်လိုက်မိသည်။
...........................
"ဘုန်းဝေ..."
တိုးဖျော့စွာခေါ်လိုက်တော့ ထိုလူသားလေးက လှည့်ကြည့်လာသည်။
"ငါကျတော့မယ်ထင်တယ် ဘာစာမှလည်းမရဘူး"
သူကသူမဆံပင်လေးတွေကိုသပ်ပေးလိုက်ရင်း
"Semester တစ်ခုလုံးမလုပ်လာတဲ့စာတွေကို
အခုမှထလုပ်ပြီးတော့ ချက်ချင်းတော့ဘယ်ရပါ့မလဲ ၊ ကြောင်မလေးရဲ့"
YOU ARE READING
Girl With Philophobia (Season 2)
Romance(Zawgyi) " ဘာလို့အမြဲတမ်း ငါ့ဆီက ထွက်ပြေးနေရတာလဲဟင်။ ဘာလို့ ကိုယ့်ကိုယ်ကို လိမ်နေရတာလဲ။ ဘာလို့ ငါ့ကို ဘာမှပြောခွင့်မပေးရတာလဲ" " နင်နဲ့ဝေးရမှာကြောက်နေလို့။ ငါတို့တစ်ယောက်ကိုတစ်ယောက် မုန်းသွားမှာကြောက်လို့" "ငါ့ကိုယုံကြည်ပေးပါလားဟင်။ယောကျာ်းလေးတိုင်းက...