Part 2 - Choice

834 68 3
                                    

(Unicode)

ဘုန်းဝေနှင့်အဆက်အသွယ်ပြတ်ေ
နသည်မှာ
ခြောက်လကျော်ခဲ့ပြီ။
အတိအကျပြောရလျှင် ၁၈၂ရက်။
သူကတကယ်ပြတ်သားနိုင်ပါလား။
သူဘာလို့အဲ့လောက်ပြတ်သားနိုင်ရတာလဲ။

ဂိမ်းဆော့တိုင်း သတိရနေခဲ့တာ။
အတူတူဆော့ခဲ့တဲ့အချိန်တွေကို သတိရနေတာ။
သူမရှိတဲ့နောက်ပိုင်း ဂိမ်းတောင်မဆော့ဖြစ်တော့ ။ ဂိမ်းဆော့တိုင်း သူ့အကြောင်းတွေးမိပြီး
နာကျင်ရသည်။
Mobile legends ကို uninstall မလုပ်သေးခြင်း၏ အဓိကအကြောင်းရင်းကတော့
သူ့ game live stream တွေကိုဝင်ကြည့်ရန်အတွက်သာ။

မြူနှင်းကသာ သတိရနေတာ။ သူက တချက်လေးတောင်သတိမရဘူးလား။

အခုလဲ သူ့ game live stream ကိုကြည့်ပြီး ငိုနေမိသည်။
Screen ပေါ်မှ သူ့ name လေးနှင့် avatar ကို
လက်လေးနှင့်တို့ထိနေမိသည်။

"နင်အဆင်ပြေနေလားဟင် ဘုန်းဝေ၊
နင်ပျော်နေလား"

စားပွဲပေါ်မှမီးခြစ်ကိုလှမ်းယူလိုက်သည်။
ဟိန်းမြတ် တခါကပြောဖူးသည်။
ခံစားချက်မှန်သမျှ အငွေ့နဲ့ပါသွားရင်
ပေါ့ပါးသွားတယ်တဲ့။
တကယ် ပေါ့ပါးသွားနိုင်လား။
အခုခံစားနေရတာတွေရဲ့ ထွက်ပေါက်တစ်ခုဖြစ်နိုင်မလား။

"မြူနှင်း နင်ဘာလုပ်နေတာလဲ"

ဆုမွန်က ကုတင်ပေါ်မှဆင်းလာကာ
မြူနှင်း လက်ထဲမှ မီးခြစ်နှင့်ဆေးလိပ်ကို ဆွဲယူလိုက်သည်။

"နင်ရူးနေလား"

ဆုမွန်က ဖုန်းကိုကြည့်လိုက်ပြီး မြူနှင်းကိုကြည့်လိုက်သည်။

"ငါစမ်းသပ်ကြည့်ချင်လို့၊ သက်သာနိုင်မလား
စမ်းချင်လို့၊ ထွက်ပေါက် တစ်ခုဖြစ်မလားလို့"

မျက်ရည်များနှင့် ဆုမွန်ကိုကြည့်ပြီးပြောလာသော
မြူနှင်းပုံစံက စိတ်လွတ်နေသောလူတစ်ယောက်လို။
ဒါနဲ့များဘာလို့ ကိုယ်နာကျင်စေမယ့်လမ်းကို
ရွေးခဲ့သေးလဲ။

"ငါရူးတော့မယ်၊ ငါသည်းခံပြီးနေနေပေမယ့်
သူ့ကိုသတိရလာတယ် ။ အဲ့လိုဖြစ်နေတဲ့ ငါ့ကိုယ်ငါလည်း မုန်းလာတယ်။ ငါသူ့ကိုသတိမရတဲ့ရက် တစ်ရက်မှမရှိခဲ့ဘူး"

Girl With Philophobia (Season 2)Where stories live. Discover now