Zawgyi
သူရှိရာမြေသို့သွားနေခြင်းဟူသည့်အသိက သူမရင်ကိုအေးချမ်းစေသည်။ တစတစတိုးလာသောအလင်းရောင်နှင့်အတူ ကားကြီးသည်လည်း ရန်ကုန်နယ်နမိတ်အတွင်းသို့ စတင်ဝင်ရောက်နေပြီဖြစ်သည်။
ရှမ်းပြည်နှင့်မတူ အနည်းငယ်နွေးနေသောလေကို
ရှူရှိုက်လိုက်ရင်းသူ့ကို သတိရသွားမိသည်။ သူရော အခုချိန်ဘာတွေလုပ်နေမလဲဟင်။တကြိမ်တခါလောက်တော့ပြန်တွေ့ချင်မိတာ ကျွန်မရဲ့ဆုတောင်းပေါ့။ ချစ်ရမှာကြောက်ပါတယ်ဆိုတဲ့
မိန်းကလေးက သူ့ကိုရင်ထဲသိမ်းထားတာ ကြာပြီတဲ့လေ။တခါတလေ မပြောပြဖြစ်လိုက်တဲ့၊ ပြောပြခွင့်မရလိုက်တဲ့ အချစ်တွေက ပိုပြီးခမ်းနားနေတတ်တယ်။
မပြောဖြစ်လိုက်ပေမယ့် အချစ်တွေကို ဖော်ပြခဲ့ပါတယ်။ သူမမြင်ခဲ့ရုံလေးပါ၊ သူမြင်အောင်မကြည့်ခဲ့ရုံလေးပါ။
စကားလုံးတွေနဲ့ဖော်ပြလို့မရလောက်အောင်
ငါနင့်ကိုချစ်ပါတယ်ဟာ။"ဒီအိမ်ဟုတ်လို့လား ဆုမွန်"
မြူနှင်းက ရှေ့မှအိမ်ကြီးကို ကြည့်ကာပြောလိုက်သည်။
" ဟုတ်လောက်ပါတယ် ။ ကျောင်းကိုပေးထားတဲ့လိပ်စာကတော့ဒီမှာပဲဟ"
" သူတစ်ယောက်တည်းနေတာဆို။ ဒီလောက်အိမ်အကြီးကြီးမှာ သူတစ်ယောက်တည်းနေတာလား"
" ထင်ရတာပဲ"
မြူနှင်း က အိမ်ကြီးကို ငေးစိုက်ကြည့်နေရင်း
" ငါ..ငါ...သူ့ကို မတွေ့ရဲဘူး။ အခုလိုကျ ငါမတွေ့ရဲဘူးဟ"
ပြောရင်းဆိုရင်း မြူနှင်း အသံတွေတုန်လာသည်။
ဆုမွန်က မြူနှင်း လက်ကို ဆုပ်ကိုင်လိုက်ကာ" နင်ဘာတွေကြောက်နေတာလဲ သူနဲ့ မျက်နှာချင်းဆိုင် ရှင်းချင်တယ်ဆို။ သူ့ကိုပြောစရာတွေရှိတယ်မလား"
" အင်း အဲ့ဒါတော့အဲ့ဒါပေါ့"
" ဟဲ့ ပြောရင်းဆိုရင်း ဟိုမှာ နင့်လူ အိမ်ထဲကထွက်လာပြီ....ဟဲ့.... မြူနှင်း "
YOU ARE READING
Girl With Philophobia (Season 2)
Romance(Zawgyi) " ဘာလို့အမြဲတမ်း ငါ့ဆီက ထွက်ပြေးနေရတာလဲဟင်။ ဘာလို့ ကိုယ့်ကိုယ်ကို လိမ်နေရတာလဲ။ ဘာလို့ ငါ့ကို ဘာမှပြောခွင့်မပေးရတာလဲ" " နင်နဲ့ဝေးရမှာကြောက်နေလို့။ ငါတို့တစ်ယောက်ကိုတစ်ယောက် မုန်းသွားမှာကြောက်လို့" "ငါ့ကိုယုံကြည်ပေးပါလားဟင်။ယောကျာ်းလေးတိုင်းက...