Part 8 -Always with you

708 63 1
                                    

"ဘုန်းဝေ အခန်းထဲကထွက်မလာတာ ၃ရက်ရှိသွားပြီ။ လှမ်းခေါ်လိုက်ရတာအားနာပါတယ်။ သူ့မှာ တွယ်တာရတဲ့သူက ​မေမေပြီးရင် မင်းပဲရှိတာ "
သန့်စင်ပြောသည်ကို မြူနှင်း ခေါင်းညိတ်လိုက်သည်။

အတိအကျဆိုရလျှင် ဘုန်းဝေနှင့်အဆက်အသွယ်ပြတ်နေသည်မှာ ၁၀ရက်ခန့်ရှိနေပြီဖြစ်သည်။ လိုင်းပေါ်လည်းမရှိ၊ ဖုန်းလည်းမကိုင်။ ဘာဖြစ်နေသည်ကို မြူနှင်း
မသိခဲ့ရ။ မနေ့ညက သန့်စင်ဆီက ဖုန်းရပြီးနောက် ရန်ကုန်ကို ချက်ချင်းဆင်းလာခဲ့ခြင်းဖြစ်သည်။

"သူစရောက်တဲ့နေ့က မှတ်မိသေးတယ်။ အခန်းထောင့်လေးမှာထိုင်နေတာ။ အဘိုးကလည်း သူ့သားသာပြောတယ် ချစ်တဲ့ပုံလည်းမပေါ်ပါဘူး။ သူ့သွေးသားမို့ မတတ်သာပဲ အိမ်ကိုခေါ်လာတဲ့ပုံစံ။ အဘွားကလည်းမကြည်ဘူး။
အဲ့မှာ မေမေက ခေါ်​ပြီးမွေးစားထားတာပဲ။
မေမေက သူ့အတွက် အစ်မလည်းဟုတ်တယ်၊ အမေလည်းဟုတ်တယ်၊ အဖေလည်းဟုတ်တယ်။ မေမေ မရှိတော့တာက သူ့ကို တော်တော်ထိခိုက်သွားစေမှာ "

သန့်စင်ပြောပြသည်များကိုနားထောင်ပြီး
မြူနှင်း မျက်ရည်ဝဲလာသည်။
ဒါတွေကိုသူမသိခဲ့ပါလား။ ဘုန်းဝေ က ငယ်ဘဝအကြောင်းတစ်ခါမှမပြောပြခဲ့ဖူးဘူးပဲ။သူ့ စိတ်ဒဏ်ရာတွေကို မသိခဲ့ပဲနဲ့၊ သူ့အတွက် အကောင်းဆုံးလူလို့ ကိုယ့်ကိုယ်ကို ထင်ခဲ့မိပါလား။ ဘုန်းဝေက သူ့စိတ်ခံစားချက်တွေကို အမြဲတမ်းဖုံးကွယ်ထားခဲ့တာပဲ။

အခန်းတံခါးကိုလော့မချထားသောကြောင့်
အသာတွန်းဖွင့်ပြီးဝင်လာခဲ့သည်။ မီးမဖွင့်ထားသောကြောင့် အနည်းငယ်မှောင်နေသည်။ ဘုန်းဝေသည် ကုတင်ပေါ်တွင်ထိုင်ကာ ရှေ့ကိုစိုက်ကြည့်နေသည်။
မြူနှင်း ဘုန်းဝေဘေးနားတွင် ဝင်ထိုင်လိုက်ကာ ဘုန်းဝေလက်ကိုဆုပ်ကိုင်လိုက်သည်။

"တချို့အရာတွေက တင်းထားလို့မရဘူး။ ဥပမာ ငိုချင်တာမျိုးပေါ့။ မငိုပဲ တင်းထားရင် ရင်ထဲမှာ အစိုင်အခဲ ဖြစ်သွားတတ်တယ်။ ငိုချင်နေရင် ငိုချလိုက်။ ငါပြောတာ နားလည်တယ်မလား နင်ငိုလို့ရပါတယ်"

ဟုပြောပြီး ဘုန်းဝေကိုဖက်ထားလိုက်သည်။

အတန်ကြာငြိမ်သက်နေပြီးမှ ရှိုက်သံထွက်ပေါ်လာသည်။

Girl With Philophobia (Season 2)Where stories live. Discover now