Part 6 - ပြန်လည်ဆုံတွေ့ခြင်း

1.9K 108 11
                                    


Happy Thadingyut to you all 🤗

(Zawgyi)

main building ၏ ခေါင်မိုးထပ်မှနေ၍ အောက်မှလူအုပ်ကြီးကိုလှမ်းကြည့်နေမိသည်။ သားနားတောက်ပြောင်စွာဖြင့် Farewell ကိုဆင်နွှဲနေကြသူများ။
MTU 3rd batch စီနီယာများ၏ the whole farewell ပီပီ ကြီးကျယ်ခမ်းနားမှုများနှင့် ။
နောက်၂နှစ်ဆိုလျှင် သူမတို့လည်း ကျောင်းကြီးကို
နှုတ်ဆက်ရတော့မှာပဲ။

ဝိုင်အနည်းငယ်သာသောက်ထားသဖြင့် သူမ မူးမနေသော်လည်း ခေါင်းအနည်းငယ်ကိုက်နေသည်။
လတ်ဆတ်သော လေပြေနုနုလေးက သူမပါးပြင်ကို
ပွတ်တိုက်ကျီစယ်သွားသည်။
လေညင်းကို အားရပါးရရှူ ရှိုက်လိုက်ပြီး နာရီကိုကြည့်မိတော့ ၁၁နာရီတောင်ထိုးခါနီးလေပြီ။
အဆောင်မှူးက အဆောင်သူများကို ၁၁နာရီပြန်လာခိုင်းထားသည်မို့ အောက်ဆင်းကာ ဆုမွန်ကိုသွားရှာရမည်ဟူသောအတွေးဖြင့် နောက်လှည့်လိုက်စဉ် သူမကိုရပ်ကြည့်နေသူတစ်ဦးကြောင့် သူမ
ကြောင်သွားသည်။

ထိုသူကိုသေချာကြည့်မိတော့မှ ဘုန်းဝေ...
သူကဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာရတာလဲ။
ငါလျှောက်မြင်နေတာများလား။
အနောက်တိုင်းဝတ်စုံ အနက်ရောင်ကို ဝတ်ထားပြီး
ဆံပင်ကိုလှန်တင်ထားသောကြောင့် လူကြီးဆန်ဆန်ခန့်ညားနေသော ဘုန်းဝေ ကို မြူ နှင်း ငေးကြည့်နေမိသည်။ မူးပြီးလျှောက်မြင်နေတာများလား။
ဝိုင် နှစ်ခွက်သာ သောက်ထားသည်မို့ မူးစရာအကြောင်းတော့မရှိ။

"မြူ နှင်း"

ဟင်..ငါ့နာမည်ကိုခေါ်လိုက်တယ်။
ဒါ ဘုန်းဝေ အစစ်ကြီးလား။
မတွေ့ရတာကြာလို့လားမသိ။ သူပိုပြီးကြည့်ကောင်းလာသည်။ ဒီလိုကြီးရုတ်တရက်တွေ့လိုက်ရတော့
နှလုံးသားက အဆမတန် ခုန်ပေါက်လာသည်။

ဘုန်းဝေ သူ့ရှေ့မှ ကြက်သွေးရောင်ဂါဝန်လေးဖြင့်
ကလေးဆန်စွာ ချစ်စရာကောင်းနေသော မြူ နှင်းကို
ကြည့်လိုက်သည်။
မြူ နှင်းကလည်း သူ့ကို အံ့သြစွာပြန်ကြည့်နေသည်။
ရှာလိုက်ရတာ မြူ နှင်းရယ်။
မတွေ့ရတော့ဘူးတောင်ထင်နေတာ။
ပွဲထဲစရောက်ကတည်းက ရှာနေခဲ့ရာမှ သူမ
ကနေသည့်လူအုပ်ထဲမှထွက်ပြီး လှေကားပေါ်တက်သွားမှပဲ တွေ့ရတော့သည်။

Girl With Philophobia (Season 2)Where stories live. Discover now