Part 10

556 47 5
                                    

Unicode

"ပြောရရင် နင်မမှားပါဘူး။ သူကသာ သူငယ်ချင်း အချင်းချင်းကို.."

"ငါလည်းမှားတာပါပဲဟာ"

ဆုမွန်နှင့် အ​​ခြားတစ်ယောက်ပြောနေသံကို ကြားလိုက်ရပြီး တံခါးဖွင့်မည့်လက်များ ရပ်တန့်သွားမိသည်။ တကယ်ကြီး သူထင်တာတွေမှန်နေတာလား။

"အခုကဘယ်လိုဖြစ်သွားပြီလဲ နင်တို့..."

ဆုမွန်နဲ့ဘုန်းဝေ...သူတို့နှစ်ယောက်က တကယ်ကြီးသူထင်နေသလိုလား။ မြူနှင်း မသိချင်တော့။ မသိချင်ဘူးဆိုတာထက် မသိရဲဘူးဆိုရင်ပိုမှန်လိမ့်မည်။ ဆုမွန်အဖြေကို သူမကြားချင်တော့ ၊ တံခါးကိုတွန်းဖွင့်လိုက်ပြီး အခန်းထဲဝင်လိုက်သည်။

"ဆုမွန် ငါပြန်လိုက်ဦးမယ်"

ထိုတစ်ယောက်မှာ မြူနှင်း ကိုတွေ့သည်နှင့် ချက်ချင်းထပြန်သွားသည်။

မြူနှင်း သည် ဆုမွန်ကုတင်ပေါ်တွင်ဝင်ထိုင်လိုက်သည်။ နှစ်ဦးသားကြား အတန်ငယ်တိတ်ဆိတ်နေပြီးမှ..

"နင်လုပ်ရက်တယ်နော် ဆုမွန် ၊ ဘယ်အချိန်ကတည်းကလဲဟင် "

"နင်ဘာကိုပြောချင်တာလဲ "

"နင်သိပါတယ် ငါဘာပြောချင်တယ်ဆိုတာ၊ နင်နဲ့ဘုန်းဝေနဲ့ ..."

"ပြီးပြီးသားကိစ္စတွေကို နင်ကဘာလို့.."

"ဘယ်တုန်းကပြီးပြီးသား ကိစ္စလဲ ၊ ငါနဲ့မတွဲခင်ကလား ငါနဲ့တွဲပြီးမှလား "

"မြူနှင်းဝေ"

"နင်သူ့ကိုချစ်ခဲ့တယ်ဆို သြော်. မဟုတ်ဘူး ချစ်နေတယ်မလား"

"ငါနင့်အပေါ်ဘယ်လောက်ကောင်းခဲ့လဲ နင်သိတယ် မြူနှင်း ငါချစ်ခဲ့တယ်ပြောတာလည်း ချစ်လို့ပဲ တွဲခဲ့တာပေါ့ ပြီးပြီးသားကိစ္စတွေကို နင်အခုမှလာပြီး.."

"ပြီးပြီးသားကိစ္စမဟုတ်လို့ငါပြောနေရတာလေ"

"ပြောရရင် နင်ကသာ စပြီး ငါ့ကောင်လေးကို သဘောကျခဲ့တာလေ မြူနှင်းဝေ ၊ နင် ကံမကောင်းခဲ့တိုင်း နင့်ကိုယ်နင် အခွင့်ထူးခံလူတန်းစားထင်နေလား နင့်ကိုသနားပေးရမှာလား နင်ကမှသနားစရာကောင်းနေတာလား
နင်ကသနားစရာကောင်းနေတာနဲ့ပဲ သူများကောင်လေးကို လုယူခွင့်ရှိသွားပြီလား
ငါတို့က နင့်ကိုပဲ ဂရုစိုက်ပေးနေရမှာလား နင်စိတ်ချမ်းသာဖို့ပဲ လုပ်ပေးနေရမှာလား "

Girl With Philophobia (Season 2)Where stories live. Discover now