Part 5 - လွဲချော်မှု

892 72 13
                                    


(Zawgyi)

" ဆု သူငယ်ချင်း သက်သာရဲ့လား "

ဆေးရုံခန်းထဲမှထွက်လာသော ဆုမွန်ကို သန့်စင် လှမ်းမေးလိုက်သည်။
မြူ နှင်းဝေ ဆိုသောကောင်မလေးမှာ တစ်နေ့တစ်နေ့ ငိုလိုက် အိပ်ပျော်သွားလိုက်၊ ရုတ်တရက်ကြီး ထထိုင်လိုက် ၊ တစ်ခုခုကိုငေးကြည့်နေလိုက်နှင့်
စိတ်ရောဂါသည်နှင့် တနေ့တခြားတူတူလာသည်။
တကယ်များ ရူးနေတာလားမသိ၊ ကားရှေ့လည်း
ပြေးဝင်လိုဝင်ဆိုတော့။

"အင်း အခုတော့အိပ်သွားပြီ"

သန့်စင် အမေးကို ဆုမွန်ခေါင်းညိတ်ရင်းဖြေလိုက်
ူည်။

မြူ နှင်း ဆေးရုံတက်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီ
ဖြစ်သည်။ ထိုအတောအတွင်း ဆုမွန်နှင့် သန့်စင်
ရင်းနှီးသွားကြသည်။
သန့်စင်သည် အတန်အသင့်ချောမောပြီး ဆက်ဆံရေးပြေပြစ်သော ယောက်ျားလေးတစ်ဦးဖြစ်သည်။
သေချာကြည့်လျှင် ဘုန်းဝေနှင့်ပင် ဆင်သလိုလိုရှိသည်ဟု ဆုမွန်တွေးမိလိုက်သည်။

"ဆု သူငယ်ချင်းက..." ဟု အစချီ၍ သန့်စင် ဆုမွန်ကို လှမ်းကြည့်လိုက်သည်။

"သူက ခေါင်းထိထားတာလားဟင်။ သူ့ပုံစံက ပုံမှန်မဟုတ်သလိုပဲ။ ဒီရောက်မှ အခုလိုဖြစ်တာတော့မဟုတ်ဘူးမလား"

" မြူ နှင်းကို ရူးနေတာလို့ပြောချင်တာလား။
သူမရူးပါဘူး ။ သူ အသည်းကွဲနေတာ။ ပြောရရင်
သူက တော်တော်နားလည်ရခက်တယ်။
သူ့စိတ်က တမျိုးပဲ။ ခုနေ ရုတ်တရက်ကြီး တက်ကြွနေလည်း၊ ခနနေ စိတ်ဓာတ်ကျချင်ကျသွားတာ "

"စိတ်ဓာတ် တက်လွယ် ကျလွယ်တာလည်း စိတ်ရောဂါတစ်မျိုးပဲဗျ ။ Bipolar disorder လို့ခေါ်တယ်။
အစွန်းနှစ်ဖက်ကိုပဲတွေးတာမျိုးပေါ့။ တက်ကြွနေတဲ့အချိန်မှာတော့ အရာအားလုံးကို ငါလုပ်နိုင်တယ်လို့တွေးပြီး၊ စိတ်ဓာတ်ကျတဲ့ အချိန်မှာကျ ငါလုပ်နိုင်တာ ဘာမှမရှိဘူး ဆိုပြီးတွေးတတ်ကြတယ်"

"အင်း သန့်စင် က ဆေးကျောင်းသားဆိုတော့ပိုသိမှာပေါ့။ ဆု ကတော့မသိဘူး "

အစကတော့ ရှင် နှင့် ကျွန်မ ဟု နာမ်စားသုံးသည်။
သက်တူရွယ်တူမှန်းသိပြီးနောက် သူမကိုယ်သူမ ဆု ဟု သုံးနှုန်းဖြစ်သည်။ သန့်စင်ကတော့ သူ့ကိုယ်သူ
ကျွန်တော် ဟု သုံးနှုန်းသည်။

Girl With Philophobia (Season 2)Where stories live. Discover now