Part 11

614 46 8
                                    

Unicode

တံခါးဖွင့်ဖွင့်လိုက်ချင်း ရင်ခွင်ထဲ တိုးဝင်ကာ တင်းကြပ်စွာဖက်ထားသော သူမလေးကြောင့် ဘုန်းဝေ အံ့သြသွားရသည်။ ကြိုတင်လည်းအကြောင်းအကြား မဆက်သွယ်ဘဲ ရုတ်တရက်ကြီး ဘယ်လို အကြောင်းကြောင့် ရန်ကုန်ထိရောက်လာပါလိမ့်။ သူမလေးကို ပြန်ဖက်ထားရင်းဆံနွယ်များကို ငုံ့နမ်းနေမိသည်။

"လွမ်းတယ် ကိုကို့ကို အရမ်းလွမ်းလာလို့"

မြူနှင်း တစ်ခုခုဖြစ်နေမှန်း ဘုန်းဝေ သတိထားမိနေသည်။ သူမကတော့ ဘာမှမဖြစ်သလိုထိုင်ရင်းစာဖတ်နေသည်။ သူမလေးကို ကြည့်ရသည်မှာ ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံး တစ်လုံးလို။ ရောက်ကာစ က လွမ်းလို့ ဆိုတဲ့ စကားတစ်ခွန်းကလွဲပြီး ဘာမှဆက်မပြော။
ဘုန်းဝေ မြူနှင်းဘေးတွင် ဝင်ထိုင်လိုက်ကာ

"ကလေးရေ ဘာတွေဖြစ်နေတာလဲဟင် ကိုကို့ကို ပြောပြမလား"

မြူနှင်း ခေါင်းတစ်ချက်ညိတ်လိုက်ရင်း

"အင်း ဒါပေမယ့် ငါအခုမပြောနိုင်သေးဘူး၊ လက်လည်းမခံနိုင်သေးဘူး" ဟုပြောကာ
ဘုန်းဝေကို စိုက်ကြည့်လိုက်သည်။

"ဆိုပါဦး ငါတို့ အခုလို အချိန်ယူနေတဲ့ ကာလအတွင်းမှာ ကိုကို ဘယ်လိုခံစားရလဲ "

"လွမ်းတယ် "

"ဟုတ်လား ဘယ်သူ့ကိုလဲ ငါ့ကိုလား ဒါမှမဟုတ်
တခြားတ​စ်ယောက်ကိုလား"

မုန်တိုင်းကတော့ အစပျိုးနေချေပြီ။

"နင်ဘာကိုပြောချင်တာလဲ "

"ငါဘာကိုပြောချင်လဲ နင်သိပါတယ် ဘုန်းဝေ၊
ငါမေးချင်နေတာတွေအများကြီးပဲ၊ နင်ငါ့ကို တကယ်ရော ချစ်ခဲ့လား...ဟင်"

မြူနှင်းက ဆက်၍-

"ဒါမှမဟုတ် ငါက တစ်ယောက်ယောက်နေရာမှာ အစားထိုးခံခဲ့ရတာလား"

"နင်အတွေးလွန်နေပြီ မြူနှင်း "

"ပြောပါဦး ငါ့ကို၊ ဆုမွန်နဲ့အကြောင်းလေး၊ နင်တို့နော် ငါ့ကိုလုပ်ရက်လိုက်ကြတာ"

ပြောရင်း မျက်ရည်ဝဲလာသည်။

"အဲ့တော့ နင်ဒီကိုရောက်လာတာ နင့်ရဲ့အထင်တစ်ခုတည်းနဲ့ ငါတို့ကို စွပ်စွဲဖို့ လား"

Girl With Philophobia (Season 2)Where stories live. Discover now