Yah...Park Chanyeol အခုချက်ချင်းအင်္ကျီသွားဝတ်နော်...မဟုတ်ရင်အခန်းထဲဝင်လာဖို့စိတ်မကူးနဲ့!!!

အဟွတ်...အဟွတ်

သူ့စကားကြောင့်ရှေ့ကမင်ယောင်ဂျွန်းမှာကော်ဖီတွေတောင်သီးကုန်ပြီ။

"Arr...တစ်မျိုးမထင်ပါနဲ့...ငါတို့ကသက်သက်စီအိပ်တာပါ"

"ကျွန်တော်မမေးမိပါဘူး"

"အဟမ့်..အင်း...ဂိုအွန်ယောင်းအကြောင်းဘဲဆက်ပြောရအောင်"

ဟို...

အင်္ကျီဝတ်ပြီးဘေးနားမှာလာပြန်ထိုင်နေတဲ့Park Chanyeolကြောင့်မင်ယောင်ဂျွန်းကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပုံရသည်။

"သူ့ကိုစိတ်ထဲမထားပါနဲ့...ပြောစရာရှိတာပြော"

Nae

"တကယ်ဆိုအွန်ယောင်းကကျွန်တော့်အချစ်ဦးပါ။ကျွန်တော်ကသူ့ကိုအရင်စကြိုက်ခဲ့တာ"

"ဒါပေမယ့်ကျွန်တော်တွေးမိတယ်။အွန်ယောင်းကသာမန်အဆင့်အတန်းနဲ့မိန်းကလေးတစ်ယောက်...ကျွန်တော်တို့ရေရှည်အဆင်ပြေနိုင်ပါ့မလားလို့လေ...နေ့တိုင်းဆိုသလိုကျောင်းဆင်းရင်သူ့နောက်ခပ်လှမ်းလှမ်းကနေအမြဲကားနဲ့လိုက်တယ်။သူအလုပ်လုပ်တဲ့ဆိုင်နားကိုရောက်တဲ့ထိလေ။ပြီးမှအိမ်ပြန်တာ...တစ်နေ့ကျွန်တော်ကာယအချိန်ပြီးလို့ခဏနားနေတုန်းသူမကရေဘူးလေးကိုင်ပြီးကျွန်တော့်အရှေ့လာရပ်တယ်လေ။ကျွန်တော်ကမျက်နှာကြောတင်းတဲ့လူ၊စကားများများပြောတတ်တဲ့လူမဟုတ်ဘူး။သူမကိုပြုံးပြချင်ပေမယ့်လည်းမလုပ်နိုင်ခဲ့ဘူး။အဲ့တာကြောင့်သူမပေးတဲ့ရေဘူးလေးကိုယူပြီးထွက်သွားလိုက်တယ်"

"မင်းကအတော်လာတဲ့ကောင်ဘဲ...ကိုယ်ကြိုက်တဲ့လူရှေ့မှာတောင်ချေနေသေးတယ်နော်...ဟက်"

ကျွန်တော်စိတ်လှုပ်ရှားလွန်းလို့ဘာမှပြန်မပြောနိုင်တာပါဆရာParkရယ်...ဆရာ့လိုသက်တမ်းရင့်ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကတော့ဒီလိုဘယ်ဖြစ်တော့မှာလဲ။ကျွန်တော့်အတွက်တော့အွန်ယောင်းကFirst loveလေ!!

"ဆရာPark ကမိန်းမအထာနပ်နေလောက်ပြီပေါ့နော်ဟင်းဟင်း"

"ဟုတ်တယ်စုံထောက်Byunရဲ့...ဆရာPark ကမိန်းကလေးတစ်ယောက်ကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာသိတယ်။ကျောင်းမှာဆိုဆရာကရေပန်းအစားဆုံးဘဲ။ဆရာParkကျွန်တော်တို့နဲ့ဘောလုံးကန်တိုင်းမိန်းကလေးတွေအော်ကြတာဆိုတာ...ဆရာ့အတွက်ဖန်ကလပ်တောင်ရှိတယ်"

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now