“ ဟင်... Baek နာမည်နဲ့....
ဘာကြီးလဲ... ကိုကိုက Baek ကို
မြေ​ဝယ်ပေးတာလား....”

ဟု မေးလာသည်ကြောင့် ခေါင်းညိတ်ပြကာ

“ မြေဝယ်ပြီး အိမ်ဆောက်ပေးမလို့...
အရင်တစ်ခါ Obession အိမ်ရာထဲမှာလေ
ရေကန်ဘေးနားကအိမ်မှာ နေချင်တယ်ဆို...”

ဟုမေးလိုက်တော့ ပြန်စဉ်းစားလိုက်ကာ
မှတ်မိသွားသည့်ပုံနှင့်

“ ဟင်...အသည်းပုံရေကန်ဘေးနားက
အိမ်လား...”

“ အင်း... ဘယ်ဘက်က
ဆောက်ပြီးသားအိမ်တော့မဟုတ်ဘူး....
အခုက ညာဘက်က မြေနေရာကို
ဝယ်လိုက်တာ ပြီးတော့မှ
အိမ်ဆောက်ပေးမယ်...”

“ အဲ့ဒါဆို ကိုကိုက ဒီဇိုင်းဆွဲပေးမှာပေါ့...”

“ ဒါပေါ့....”

“ ဝါး...မိုက်ပြီ....အိမ်ကို
ဘာအရောင်လေး သုတ်ပေးမှာလဲ....”

“ အပြာရောင်လေး...”

“ အပြာရောင်...
အပြာတောက်တောက်ကြီးလား...”

“ ဟင့်အင်း... Sky Blue အရောင်...
မင်းကြိုက်တယ်မလား...”

ဟု ဖြေရင်းဖြင့် ကျွန်တော့အကြိုက်ကို
မေးလာသည့် ကိုကို့ကို ခေါင်းညိတ်ပြလိုက်ရင်း

“ ဟုတ်တယ်... Baek ကြိုက်တဲ့
အရောင်လေး...”

ဟု ဖြေလိုက်တော့ ကိုကိုက
ကျွန်တော့ခေါင်းကို သူ့လက်ဖဝါးကြီးဖြင့်
အုပ်ကိုင်လိုက်ကာ

“ သိပါတယ်ဗျာ....ခင်ဗျားလေး
ကြိုက်တဲ့ အရောင်မှန်း....”

ဟု ဖြေလာသည်....

“ ကိုကို အကောင်းဆုံးပဲ....”

ဟု ပြောကာ လက်မထောင်ပြလိုက်ကာ

“ ကိုကိုပြောတော့ အဲ့ အိမ်ရာထဲက
မြေကွက်တွေက အိမ်မပါသေးဘဲ
မြေကွက်ချည်းပဲကို ဈေးကြီးတယ်ဆို....
နောက်ပြီးတော့ အဲ့ဒီ့ရေကန်နားလေးက
မြေကွက်က ဈေးအကြီးဆုံးပဲဆို....”

“ အင်းလေ...”

“ အဲ့ဒါဆို ဘာလို့ ဝယ်ပေးတာလဲ...”

“ မင်းပဲ နေချင်တယ်ဆို....”

“ ဟင် ကိုကိုကလည်း အဲ့လိုပြောတာနဲ့ပဲ
ဝယ်ပေးရလား... နောက်ပြီးတော့
ဘာလို့ ကိုကို့နာမည်နဲ့မဝယ်တာလဲ...”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now