ဟု နောက်လိုက်တော့

“ ဟုတ်ရယ်... ချကားမပီရော့ဝူး...”

ဟု စကားကို မပီအောင်ပြောပြီး
ပြန်နောက်လေသည်...တကယ့်အီးပေ...

“ ပြီးတော့ ခေါက်ဆွဲပြုတ်လည်းစားမယ်...”

ဟု သူပြောနေသည့်အရာအား
ပြန်ဆက်ပြောလေသည်...

“ ဟုတ်ပြီ....”

ပြောနေရင်းဖြင့်

“ ကိုကို... ကိုကို....”

ဟု ဒူးပေါ်ကို မေးစိလေးဖြင့်
ကြိတ်ရင်းခေါ်လာသည်ကြောင့်
သူ့ကိုမကြည့်ဘဲ Lap Top ကို
ကြည့်နေရင်းဖြင့် မေးဆတ်ကာ

“ အင်း ပြော...”

ဟု ပြောလိုက်တော့ သူလေး
ဆက်ပြောလာသည်က

“ ကိုကို ခေါက်ဆွဲပြုတ်စားမလား....”

ဟု ရုတ်တရက် ထမေးလာသည်...
ပြီးရင် အရင်တစ်ခါကလို ခေါက်ဆွဲထုပ်
ကုန်နေလို့ အပြင်ထွက်စားရဦးမယ်....

“ မင်းစားချင်လို့လား...”

“ မဟုတ်ပါဘူး...ကိုကို့ကိုပြောပြမလို့...”

“ ဘာပြောမလို့လဲ...”

“ကျောင်းတက်တုန်းကလေ..."

" အင်း...."

" စီနီယာ အစ်ကိုကြီး
ချောချောလေး တစ်ယောက်က
Baek ကို သူ့အိမ်လိုက်ပြီး
ခေါက်ဆွဲပြုတ်စားမလားလို့
မေးဖူးတယ်...”

“ မင်းနဲ့ရင်းနှီးလို့လား...”

“ ဗျာ...ရင်းနှီးလားဆိုတော့
သူက Baekရဲ့ စီနီယာပဲလေ...
Baek ထက်ဆို အသက် ငါးနှစ်လောက်
ကြီးတယ်...နောက်ပြီးတော့ Baek ကိုကျောင်းမှာ ဂရုစိုက်ပေးတာဆိုလို့
သူပဲရှိတာကိုး...”

" အဲ့တော့မင်းကသူ့ကို ကြွေခဲ့တယ်ပေါ့..."

" ဟီးဟီး နည်းနည်းပါ..."

အဲ့ကောင်က ခေါက်ဆွဲပြုတ်စားမလား
ဆိုတာကို ရိုးရိုးသားသားပဲ မေးတာလား...
ဘယ်လို အဓိပ္ပာယ်ဆိုတာကို သိလျက်နဲ့
မေးတာလား...

“ အဲ့တော့ သွားစားလိုက်လား....”

“ ဟင့်အင်း...သွားမစားဖြစ်ဘူး...
သူတို့က ထူးဆန်းတာတွေ
ပြောနေကြလို့...ကြောက်ပြီး
ပြန်လှည့်ပြေးလာတာ..."

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now