Chapter 21

19.1K 1.6K 165
                                    


တအီအီညည်းပြီး အဖျားတက်လိုက် ကျလိုက်ဖြစ်နေတဲ့ Xiaozhanကို တစ်ညလုံး မအိပ်ဘဲ ရေပတ်တိုက်ပေးနေရတာမို့ မနက်လင်းတော့ ကျွန်တော် တော်တော်နဲ့ မနိုးတော့ဘူး...။ နာရီကို ကြည့်တော့ နေ့လည် ၁၁ တောင် ထိုးနေပါလား..။
ဘေးနားမှာ Xiaozhan ကိုရှာတော့လည်း မတွေ့...။ နဖူးပေါ် တစ်ခုခုကပ်ခံထားရသလိုပဲမို့ ယူကြည့်လိုက်တော့
" ကျောင်းမှာ presentation ရှိလို့ စောသွားနှင့်ပြီနော်..." တဲ့...

ဟူး...ဒီကောင်လေး လူကိုမနှိုးသွားဘူး  အဖျားကလည်း သေချာကျရဲ့လား မသိတာမို့ ရေချိုးပြီး အမြန်လိုက်သွားဖို့ ပြင်လိုက်တော့သည်...

_____

ကျွန်တော် မနေ့ညက ဆေးစသွင်းပြီးကတည်းက
လူက နည်းနည်း သက်သာသလိုရှိပေမဲ့ နုန်းနေတာကြီးက မပြေ‌သေးတာမို့ အတန်းဆင်းတာနဲ့ ကျောင်း Canteen မှာ ဆေးမသောက်ခင် စားဖို့တစ်ခုခု သွား၀ယ်မယ်အလုပ် ကောရဲ့ သူငယ်ချင်းသုံးယောက်က ကျွန်တော့်ကို ဖမ်းချုပ်ပြီး ကျောင်းဘောလုံးကွင်းဆီသို့ အတင်းဆွဲခေါ်လာကြသည်...

" ကောင်လေး မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ သူငယ်ချင်းအသည်းကို ခွဲရဲတာလဲ... "

" အား စီနီယာတို့...ကျွန်တော် ဘာမှ မလုပ်ရပါဘူး. ..လက်ကို လွှတ်ပေးပါ ကျွန်တော် လက်နာနေလို့...."

" လွှတ်ပေးမှာပေါ့  ... မင်းဘယ်လိုသတ္တိကြောင့် ငါတို့ သူငယ်ချင်း အသည်းကို ခွဲနေရတာလဲဆိုတာ သိရအောင်  ဟိုး ဂိုးတိုင်မှာချည်ထားတဲ့ ခွေးတွေ့လား "

" ဗျာ....ခွေး...ခွေး.."

စီနီယာတွေပြောမှ ခွေးစုတ်ဖွား ပုလုံးလုံး တစ်ကောင် ဂိုးတိုင်မှာအသင့်ချည်ထားမှန်း
ခုမှတွေ့ မိတယ်...

" မင်းက ခွေးအရမ်းကြောက်တာဆို...အဲ့တော့ ဒီစုတ်ဖွားလေးနဲ့ မင်းသတ္တိကို စမ်းကြည့်တာပေါ့..." ဆိုပြီး ခွေးကို လွှတ်လိုက်တယ်...

ကျွန်တော့်ဘ၀မှာ အကြောက်ဆုံး အကောင်ကခွေးပဲ...။ ခွေးက ကျွန်တော့်ကို ဟောင်ပြီး လှန်းဟက်လာတာနဲ့...ကျွန်တော် တဟုန်ထိုး ဘောလုံးကွင်းကို ပတ်ပြေးမိတော့တယ်...

Trust Your Heart [Completed]On viuen les histories. Descobreix ara